တာချီလိတ်ခရိုင် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ လုပ်ငန်းညှိနှိုင်း စည်းဝေး

တာချီလိတ်ခရိုင် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ လုပ်ငန်းညှိနှိုင်း စည်းဝေး
မတ် 17, 2015
By Tachileik News Agency

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကုန် နှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရေးအတွက် တာချီလိတ်ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၆)ရက်၊ နံနက်(၁၀)နာရီက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် က မဲစာရင်းများ စနစ်တကျ မှန်ကန်တိကျစွာ ပြုစုထားရှိရေး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အား အဖွဲ့ဝင်များက သိရှိနားလည်မှသာ လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုအပ်မည့် လုပ်ငန်းများအား စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် ၀ိုင်းဝန်းအကြံပြုဆွေးနွေးရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ က ဆွေးနွေးချက်များနှင့် စပ်လျဉ်းပြီး ပြန်လည်
ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

သတင်း  ။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~