ခွင့်ပြုဘဏ္ဍာငွေ ကျပ် (၁၇၆)သန်းဖြင့် တာချီလိတ်ခရိုင် ဆီလီငေါ့ - မောတွီ ကျေးလက်လမ်းအား ကတ္တရာလမ်းသစ်အဖြစ် ခင်းကျင်းမှု ပြီးစီး

ခွင့်ပြုဘဏ္ဍာငွေ ကျပ် (၁၇၆)သန်းဖြင့် တာချီလိတ်ခရိုင် ဆီလီငေါ့ - မောတွီ ကျေးလက်လမ်းအား ကတ္တရာလမ်းသစ်အဖြစ် ခင်းကျင်းမှု ပြီးစီး
မတ် 27, 2015
By Tachileik News Agency

မြန်မာနိုင်ငံ၏ နှစ်(၇၀)ပြည့် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ဆီလီငေါ့ - မောတွီ ကျေးလက်လမ်းအား ကတ္တရာလမ်းသစ် အဖြစ် ဖွင့်ပွဲကို ယနေ့ မတ်လ (၂၇)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းမောင်မှ လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများအား ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံများအား အမှတ်တရ ပေးအပ်ကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ထွန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး တို့မှ လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အဆိုပါ မောတွီ နှင့် ဆီလီငေါ့ ကျေးရွာများတွင် ရှမ်း နှင့် အာခါတိုင်းရင်းသားများ စုပေါင်း နေထိုင်ကြပြီး လယ်ယာ နှင့် ဥယျာဉ်ခြံမြေ လုပ်ငန်းများအား အဓိကထားစိုက်ပျိုး လုပ်ကိုင်ကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုဘဏ္ဍာငွေ ကျပ် (၁၇၆)သန်းဖြင့် အလျား (၂)မိုင်၊ အကျယ် (၁၂)ပေ ၊ အမြင့်(၉)လက်မရှိ အဆိုပါ ကျေးလက်လမ်းအား ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသထွက်ကုန်များအား ချောမွေ့လွယ်ကူစွာဖြင့် သယ်ဆောင် ရောင်းဝယ်နိုင်ပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများမှ အထူးပင်ဝမ်းမြောက် ပျော်ရွှင်လျှက်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း ။   ။ မောင်ယဉ်ကျေး

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~