ငါးလုပ်ငန်း ကိုယ်စားပြုအနေဖြင့် ငါးရိုးသဏ္ဍာန် တံတား တစ်စင်းတည်ဆောက်ထား

ငါးလုပ်ငန်း ကိုယ်စားပြုအနေဖြင့် ငါးရိုးသဏ္ဍာန် တံတား တစ်စင်းတည်ဆောက်ထား
ဇန်နဝါရီ 30, 2015
By Tachileik News Agency

တရုတ်နိုင်ငံတောင်ပိုင်း၊ ဖူဂျန်ပြည်နယ်၊ ရှာမာန်မြို့၌ လမ်းဖြတ်ကူးသည့် တံတားအား ငါးရိုး သဏ္ဍာန် ပြုလုပ်၍ တည်ဆောက်ထားပြီး တံတား၏ အရှည်မှာ (၈၃)မီတာရှည်ပြီး တံတားအမည်အား Zeng Cuo ဟုသိရသည်။

တံတားအား ခြေလျင်ဖြတ်ကူးနိုင်ရန်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ကျေးရွာ၏ နှစ်ပေါင်း(၁၀၀)ကျော် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည့် ငါးလုပ်ငန်းအား ကိုယ်စားပြု၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ကျေးလက်တွင် လူဦးရေ ပိုမိုထူထပ်လာသောကြောင့် ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်နှင့် ကျေးရွာ၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် ဓလေ့စရိုက်များ မပျောက်စေရန် ငါးရိုးပုံသဏ္ဍာန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWs

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~