Star War ရုပ်ရှင်ဇာတ်ကားထဲမှ Darth Vader ဇာတ်ကောင်၏ ပစ္စည်းစုဆောင်းသူ ကမ္ဘာ့ဂရင်းနစ် စာရင်းဝင်သွား

Star War ရုပ်ရှင်ဇာတ်ကားထဲမှ Darth Vader ဇာတ်ကောင်၏ ပစ္စည်းစုဆောင်းသူ ကမ္ဘာ့ဂရင်းနစ် စာရင်းဝင်သွား
ဇန်နဝါရီ 6, 2015
By Tachileik News Agency

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့က အသက်(၄၂)နှစ်အရွယ် Bill McBride ဟာ Star War ရုပ်ရှင်ဇာတ်ကားထဲက Darth Vader ဇာတ်ကောင်၏ အထိမ်းအမှတ်ပစ္စည်းစုဆောင်းသူများအနက် အများဆုံး စုဆောင်းသူဖြစ်တဲ့အတွက် ကမ္ဘာ့ဂရင်းနစ် စာရင်းဝင်သွားခဲ့ပါတယ်။

Darth Vader ဇာတ်ကောင် အရုပ်ပေါင်း  (၆၀၀၀၀)ကျော်အား ဒေါ်လာ ( ၂၇၀၀၀၀ )ဖိုးခန့် ၀ယ်ယူ စုဆောင်းခဲ့ကြောင်း သိရပါတယ်။ သူဟာ နှစ်ပေါင်း(၂၀)ကျော် စုဆောင်းခဲ့ရတယ်လို့သိရပြီး အိပ်ခန်း အတွင်းမှာ ပြတိုက်အဖြစ် ခင်းကျင်းပြသထားတယ်လို့ သိရတယ်။

၂၀၁၄ ခုနှစ် မေ(၄)ရက်နေ့က Star War အရုပ်ပေါင်း(၉၂၂၄၀)ကို စုဆောင်းလို့ အမေရိကန်နိုင်ငံ၊ ကယ်လဖိုးနီးယားပြည်နယ် မြောက်ပိုင်း အိုဘီဝန်မှာနေတဲ့ စတီဗင်ဆမ်းဆွစ်ဆိုသူက ကမ္ဘာ့မှတ်တမ်း ဂရင်းနစ်စံချိန်ဝင်သွားခဲ့ကြောင်း သိရပါတယ်။

Star Wars ရုပ်ရှင်ဇာတ်ကားကို ၁၉၇၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ Epic Space Opera Film က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာကတော့ George Luca's ဖြစ်ပါတယ်။ ဒါရိုက်တာ George Luca's ဟာ Star Wars ဇာတ်ညွှန်းကို ၁၉၃၆ ခုနှစ်ကတည်းက ရေးသားပြီး ပုံကြမ်းဆွဲခဲ့တယ်လို့သိရပါတယ်။

Star Wars ရုပ်ရှင်ကားကို ၁၉၇၇ ခုနှစ်နှစ် မေလ (၂၅)ရက်နေ့က ရုံတင်ပြသခဲ့ပြီး အမေရိကန်နိုင်ငံမှာ ၀င်ငွေ ဒေါ်လာ(၄၆၁)မီလီယံရရှိခဲ့ကာ ပြည်ပနိုင်ငံတွေမှာ ပြသခဲ့မှုအတွက် ၀င်ငွေဒေါ်လာ (၃၁၄)မီလီယံ ရရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ(၇၇၅)မီလီယံကို ရရှိခဲ့တယ်လို့သိရပါတယ်။

ဘာသာပြန်။ အိမ့်ကြယ်ဖြူ
Ref; worldrecordacademy , wikipedia
Photo: worldrecordacademy

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~