ဒူးအောက်ပိုင်း ဖြတ်ခံထားရပြီး ဘ၀ကို နှစ်(၅၀)လုံးလုံး ရုန်းကန်ရှင်သန်လာသူ တရုတ်အမျိုးသမီး

ဒူးအောက်ပိုင်း ဖြတ်ခံထားရပြီး ဘ၀ကို နှစ်(၅၀)လုံးလုံး ရုန်းကန်ရှင်သန်လာသူ တရုတ်အမျိုးသမီး
ဇန်နဝါရီ 28, 2015
By Tachileik News Agency

ခြေထောက် ဒူးဆစ်ကနေဖြတ်တောက်ခြင်း ခံထားရတဲ့ လူတစ်ယောက်က ၀ှီးချဲမပါ၊ ချိုင်းထောက်မပါဘဲ အနှစ်(၅၀)လုံးလုံး ဘယ်လိုအသက်ရှင်သန်လာသလဲဆိုတာ တကယ့်ကို မယုံနိုင်စရာပါ။

သူမနာမည် Hu Fenglian လို့ခေါ်ပါတယ်၊ အသက်(၅၀)နှစ်ပါ၊ (၆)လသားအရွယ်မှာ အပူချိန်ပူပြင်းတဲ့ မီးဖိုထဲ မတော်တဆ ပြုတ်ကျသွားခဲ့ပြီးနောက် အပူဒဏ်ပြင်းထန်စွာ ခံစားရတဲ့ ဒဏ်ရာနဲ့ဘဲ သူမခြေထောက်အောက်ပိုင်းကို ဖြတ်တောက်ပစ်လိုက်ခြင်း ခံရပါတယ်။

သူမဟာ ဘ၀ကို မွေးဖွားရာ ဇာတိဖြစ်တဲ့ Guangxiမှာဘဲ တော်တော် ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရပါတယ်။ လူအများလို စိုက်ပျိုးမွေးမြူရေးသမား မလုပ်နိုင်ပေမယ့် လူတွေကို လိုက်လံကူညီရင်း ဘ၀ကို ဖြတ်သန်းခဲ့ပါတယ်။

သူမအသက် (၂၀)လောက်ရောက်တဲ့ အချိန်မှာတော့ သူမမွေးဖွားရာ ဒေသမှာဘဲ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်သက် (၂)နှစ်လောက်မှာတော့ သမီးလေးတစ်ယောက်မွေးခဲ့ပြီး သိပ်မကြာခင်မှာဘဲ သူမခင်ပွန်းရဲ့ စွန့်ပစ်ခြင်းခံခဲ့ ရပါတယ်။ ဒါပေမယ့် ဘ၀ကို စိတ်ဓါတ်ကျမသွားဘဲ သူမရဲ့ (၄)လ သမီးအရွယ် ကလေးငယ်ကို လုပ်ကိုင်ကျွေးမွေးပြီး ယနေ့အချိန်မှာတော့ သူမဟာ သစ်သား အချောထည်စက်ရုံမှာ ရိုးရိုးသာမာန် ၀န်ထမ်းတစ်ဦးဖြစ်နေပါပြီ၊ သူမဟာ အလုပ်သမားတစ်ဦးရဲ့ လူမှုဖူလုံရေးနှင့် လုံခြုံရေးအတွက် အကျိုးခံစားခွင့်တွေ ရရှိနေပါပြီ။

သူမဒေသက သတင်းထောက်တစ်ယောက်က သူမကို ခြေထောက်မပါဘဲ ဘ၀ကို ဘယ်လို ဖြတ်သန်းသလဲလို့ မေးစဉ်မှာတော့ သူမဟာ “ကျွန်မမှာ ခြေနှစ်ချောင်းလုံး မရှိတော့ပေမယ့် လက်နှစ်ချောင်း ကျန်နေပါသေးတယ်၊ ဒီလက်တွေက ကျွန်မဘ၀ကို ကောင်းကောင်း အထောက်အကူ ပြုပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘာသာပြန် ။   ။ ဇက်(Z)
Ref; CCTVNEWs

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~ ကြော်ငြာ ~~~~~~~~~