မြေး၊ မြစ်၊ တီ အယောက်(၃၀)ကျော်ရှိသည့် တာချီလိတ်မြို့မှ အသက်(၈၄)နှစ်ရှိ အဖွား ဒေါ်နန်းကျိန် ဘ၀သစ်သို့ ပြောင်းရွှေ့

မြေး၊ မြစ်၊ တီ အယောက်(၃၀)ကျော်ရှိသည့် တာချီလိတ်မြို့မှ အသက်(၈၄)နှစ်ရှိ အဖွား ဒေါ်နန်းကျိန် ဘ၀သစ်သို့ ပြောင်းရွှေ့
ဇန်နဝါရီ 29, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ်၏ မြို့မိမြို့ဖတစ်ဦးဖြစ်သူ သုဓမ္မမဏိဇောတဓရ ဦးမောင်လေး၏ ချစ်လှစွာသော ဇနီး အသက်(၈၄)နှစ်ရှိ အဖွား ဒေါ်နန်းကျိန်သည် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၈)ရက် ည(၈း၂၀)နာရီအချိန် တိတိတွင် ၎င်းနေထိုင်ရာ နေအိမ်ဖြစ်သော ဗိုလ်ချုပ်လမ်း၊ မကာဟိုခမ်းရပ်ကွက်ရှိ အမှတ်(၅/၈)၊ အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်မိသားစု)တွင် ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားသည့်အတွက် ၎င်းတို့၏ ဆွေမျိုးများနှင့် ရပ်နီးရပ်ဝေးမှ သိရှိနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ နာရေးသတင်းအဖြစ်  အသိပေးဖော်ပြလိုက်ပါသည်။

ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားသည်ဖြစ်သော အသက်(၈၄)နှစ်ရှိ အဖွား ဒေါ်နန်းကျိန်သည် ဘုရား၊ စေတီ၊ သိမ်၊ ကျောင်း၊ မုဒ်ဦး၊ တန်ဆောင်း၊ ရိပ်သာ၊ ဓမ္မာရုံ၊ အာရုံခံဓမ္မသာလာများ၊ ရေတွင်း၊ ရေကန်၊ ရေစည်များ စသည်များကို ဆောက်လုပ်လှူဒါန်းသူ စေတနာရှင်  အလှူရှင်ဖြစ်ပြီး ရှင်ရဟန်းပေါင်းများစွာ လှူဒါန်းမှုဖြင့် နေ့စဉ်ကုသိုလ်လှူဒါန်းလေ့ရှိသူဖြစ်ပြီး အဖွား ဒေါ်နန်းကျိန်သည် မြေး(၂၁)ဦး၊ မြစ်(၂၀)ဦး နှင့် တီ(၉)ဦးရှိသူ ဖြစ်ကြောင်း သိရသည်။

အဖွား ဒေါ်နန်းကျိန်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်အား နေအိမ်တွင် ထားရှိပြီး တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ဆောက်လုပ်လှူဒါန်းထားသော ပုံလို့ရှိ နဂါးနှစ်ကောင်သုဿန်တွင် မီးသဂြုင်္ိဟ်မည်ဖြစ်သည့်အတွက် အဆိုပါ နာရေးသို့ ရပ်နီးရပ်ဝေးမှ ဆွေမျိုးများနှင့် မိတ်ဆွေများမှ သိရှိနိုင်ရန်အတွက် ကျန်ရစ်သူ မိသားစုဝင်များကိုယ်စား အသိပေးအပ်ပါသည်။

Update: 29/1/2015၊ 11:23AM
ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား ၃၁.၁.၂၀၁၅ရက်၊ စနေနေ့၊ နေ့လည်(၁)နာရီအချိန်တိတိတွင် နေအိမ်ဖြစ်သော  ဗိုလ်ချုပ်လမ်း၊ မကာဟိုခမ်းရပ်ကွက်ရှိ အမှတ်(၅/၈)၊ အဆွေတော်မီနီမတ် (ရတနာစံအိမ်တော်မိသားစု)မှ တဆင့် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ပုံလို့လမ်း၊ နဂါးနှစ်ကောင်သုဿန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~