အသက် (၁၄)ရွယ် ကလေးတစ်ဦးမှ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဆယ်ကျော်သက် လူငယ် နှစ်ဦးပွဲချင်းပြီးသေဆုံး

အသက် (၁၄)ရွယ် ကလေးတစ်ဦးမှ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဆယ်ကျော်သက် လူငယ် နှစ်ဦးပွဲချင်းပြီးသေဆုံး
ဒီဇင်ဘာ 7, 2014
By Tachileik News Agency

၂၀၁၄ ဒီဇင်ဘာ (၆)ရက် စနေနေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ကျင်းရိုင်းခရိုင်၊ ချင်းခေါင်မြို့၌ (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦး မောင်းနှင်လာသော ကားတစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားပြီး လူငယ် နှစ်ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် လူငယ်(၅)ဦးပါလာပြီး အသက်အရွယ်အားဖြင့်  အသက်(၁၃)နှစ်မှ (၁၈)နှစ်ကြားတွင် ရှိသော ကလေးသူငယ်များသာ ဖြစ်ကြောင်းသိရသည်။

သေဆုံးသွားသူများကတော့ ယာဉ်မောင်းသူ(၁၄)နှစ်အရွယ် ကလေးနှင့် (၁၅)နှစ်အရွယ် ကလေးတစ်ယောက်တို့ဖြစ်ပြီး သူတို့ဟာ သူငယ်ချင်းတစ်ဦး၏ မွေးနေ့ပါတီမှ ပြန်လာတာဖြစ်ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; bangkokpost
Photo: bangkokpost

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~