ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်မှု တာချီလိတ်၌ ဖြစ်ပွား

ဘုရားမီးပူဇော်ရာမှ တဆင့် မီးလောင်မှု တာချီလိတ်၌ ဖြစ်ပွား
ဒီဇင်ဘာ 20, 2014
By Tachileik News Agency

ယနေ့ ဒီဇင်ဘာလ (၂၀)ရက် နံနက် (၇)နာရီ (၁၀)မိနစ်အချိန်ခန့်က တာချီလိတ်မြို့ တာလော့ရပ်ကွက်
သဇင်လမ်း၊ အမှတ် (၂၀၃)နေ ဦးကျော်ထွန်း၏ နေအိမ်တွင် ဘုရားမီးပူဇော်ရာမှ တဆင့်မီးလောင်
မှုဖြစ်ပွားခဲ့ရာ ဦးကျော်ထွန်းပိုင် နံကပ်အမျိုးအစား (၄၀ပေ×၂၀ပေ) နေအိမ်တစ်လုံးမီးလောင်
ပျက်စီးခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦး ၊ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်း
ဦးဆောင်သည့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူများမှ မီးသတ်ယာဉ်(၃)စီးဖြင့်
ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် (၇)နာရီ မိနစ် (၂၀)ကျော်တွင် မီးညွန့်ကျိုးသွားပြီး (၇)နာရီ(၅၀)ခန့်တွင်
လုံးဝမီးငြှိမ်းသွားခဲ့သည်။

မီးပေါ့ဆစွာသုံးစွဲခဲ့သည့် အိမ်ရှင် ဦးကျော်ထွန်းအား တာချီလိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ
(ပ)၂၆၅/၂၀၁၄အရ မီးလောင်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ယခုဖြစ်စဉ်သည် တာချီလိတ်မြို့နယ်
အတွင်း ဆောင်းဦးပေါက်ရာသီအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ကာ
ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်အား ပိုမိုသိမြင်ကာကွယ်နိုင်ရန် လိုအပ်လျှက်ရှိသည်။
သတင်း/ဓါတ်ပုံ ။  ။ မောင်ယဉ်ကျေး

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~