တာချီလိတ်၌ ကား/ဆိုင်ကယ် ၀ယ်ရောင်းဈေးကွက် ငြိမ်သက်

တာချီလိတ်၌ ကား/ဆိုင်ကယ် ၀ယ်ရောင်းဈေးကွက် ငြိမ်သက်
ဒီဇင်ဘာ 22, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် ဆိုင်ကယ်လိုင်စင်မဲ့ စီးနင်းခြင်းအား ဖမ်းဆီးမိပါက သိမ်းဆည်းပြီး ဆိုင်ကယ်တန်ဖိုး၏ (၅၀%)ကို အခွန်ပေးဆောင်စေပြီး ဆိုင်ကယ်လိုင်စင်ချပေးမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် တာချီလိတ်မြို့ပေါ်တွင် ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက် ငြိမ်သက်လျှက်ရှိကြောင်း သိရသည်။


( ထိုင်း - မြန်မာ ၀င်ပေါက်/ထွက်ပေါက် )

ဆိုင်ကယ် ၀ယ်/ရောင်းသူ စိုင်းအိုက်ကျော်ဆိုသူမှ “ဆိုင်ကယ်ဝယ်ရောင်း လုပ်လာတာ ကြာပြီ ဒီလောက် တစ်ခါမှ ဈေးကွက် မအေးဘူးဖူး၊ အရင်က လိုင်စင်ထုတ်ပေးတုန်းကတော့ တော်တော်သွက်တယ် အရောင်း/အ၀ယ်က အခုတော့ ဆိုင်ကယ်တွေက ထိုင်းဖက်ခြမ်းကလဲ မ၀င်ဘူး တာချီလိတ်မှာ အရောင်းအ၀ယ်အေးတော့ ထိုင်းဖက်ကလဲ မပို့ဘူးလေ၊ တာချီလိတ် အရောင်းအ၀ယ်ဈေးကွက်ရဲ့ ၀ယ်လက် အများစုက တောင်ပေါ်ဒေသက လူတွေဘဲ၊ တောင်ပေါ်မှာ အခုတလော ကြပ်နေတော့ သူတို့လဲ ဆင်းမလာတာတွေလည်း ပါသလို တောင်ကြီး၊ ကျိုင်းတုံဘက်က ၀ယ်လက် တွေလည်း အရောင်းအ၀ယ် ပါးနေတယ်”ဟု ပြောပြပြီး လိုင်စင်ပါသော ဆိုင်ကယ်များကတော့ အရောင်းအ၀ယ် အနည်းငယ်ရှိပြီး လိုင်စင်မဲ့တွေတော့ အရောင်းအ၀ယ်ရပ်ဆိုင်းနေကြောင်း ဆက်လက် ပြောပြသည်။။

ကား ၀ယ်/ရောင်းသူများကတော့ “တာချီလိတ်မှာတော့ အိမ်စီးဖို့အတွက်ဘဲ ၀ယ်စီးကြတာများပါတယ်။ အရင်ကတော့ ဈေးကွက်ကောင်းတယ် တာချီလိတ်နဲ့ ဒေသအတွင်းပေါ့  တောင်ပေါ်က ၀ယ်လက်တွေ များတယ် အခုဝယ်လက်တွေ မရှိတော့ အေးနေတာ လိုင်စင်ပါတဲ့ကားလဲ ထိုးထားရတာဘဲ၊ လိုင်စင်မဲ့ကတော့ လုံးဝကို ရပ်ထားရတာ၊ တာချီလိတ်က တစ်ခြားက ၀င်လာတဲ့ငွေကြေးနဲ့ အသက်ဝင်နေတဲ့မြို့လေ အခုငွေဝင်လာတဲ့ လမ်းကြောင်းတွေက ပိတ်နေတော့ ဈေးကွက်လဲ အေးနေတာပေါ့”ဟု  ပြောကြသည်။

တာချီလိတ်မြို့သည် ထိုင်းနိုင်ငံထုတ်ကုန်များ တင်သွင်းရာ လမ်းကြောင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ပစ္စည်းများ တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သလို ယခုအခါ Mobile Team မှ အဖမ်းအဆီးများကြောင်း ကုန်သည်များလည်း အလုပ်အကိုင်များ ရပ်နားထားကြောင်းသိရပြီး ကုန်သည်တစ်ဦးမှ“  Mobile Team က သူတို့ဖမ်းချင်တဲ့ ပစ္စည်းဖမ်းပြီး သူတို့လွှတ်ချင်တဲ့ ပစ္စည်းလွှတ်နေတာ အိန္ဒိယက၀င်တဲ့ ကွမ်းယာဆိုင်သုံး ပစ္စည်း တောင် တာချီလိတ်အ၀င်မှာ ဖမ်းထားတာ ဖမ်းမဲ့ဖမ်း ကလေး၊ တမူးဖက်ကတည်းက ဖမ်းပေါ့ အခုတော့ တာချီလိတ် ရောက်မှဖမ်းတာ၊ လုပ်စားလို့ကို မကောင်းတော့ပါဘူး”လို့ပြောပြသည်။

သတင်း ။  ။ မင်းသုတ

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~