တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်
ဒီဇင်ဘာ 21, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်တွင်ကျင်းပပြုလုပ်လျက်ရှိသည့် ခရိုင်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ (၁၁)ရက်နေ့မှ စ၍ ကျင်းပလာလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ(၂၁)ရက် ညနေ(၃)နာရီအချိန်မှာ ရှုံးထွက်ပွဲစဉ်၏ နောက်ဆုံးပွဲကို ပုန်းထွန်ရပ်ကွက် နှင့် လွယ်တော်ခမ်းရပ်ကွက်တို့ ယှဉ်ပြိုင်ကြရာ ပုန်းထွန်ရပ်ကွက်မှာ ဗိုလ်လုပွဲသို့ ၀င်ရောက်ရန်အတွက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယခု ကျင်းပပြုလုပ်နေလျက်ရှိသော တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ဒီဇင်ဘာလ (၂၃)ရက် ညနေ(၃)နာရီ အချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မှာဖြစ်ရာ အဆိုပါ ဗိုလ်လုပွဲတွင် ပုန်းထွန်ရပ်ကွက်နှင့် ရန်အောင်မြေ ရပ်ကွက်တို့ အကြိတ်အနယ် ဗိုလ်လုကြမှာဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ ။  ။ အောင်ကျော်ဝင်းစိန်

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~