ကမ္ဘာ့အရှည်ဆုံး ကုန်တင်ရထား တရုတ်နိုင်ငံမှ စပိန်နိုင်ငံသို့ စတင်ထွက်ခွာ

ကမ္ဘာ့အရှည်ဆုံး ကုန်တင်ရထား တရုတ်နိုင်ငံမှ စပိန်နိုင်ငံသို့ စတင်ထွက်ခွာ
နိုဝင်ဘာ 30, 2014
By Tachileik News Agency

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့က ကမ္ဘာ့အရှည်ဆုံး ကုန်တင်ရထားတစ်စီးဟာ တရုတ်နိုင်ငံရဲ့ စက်မှုထုတ်ကုန် မြို့တော်ဖြစ်သည့် ၀ူယီမြို့တော်မှ စတင်ထွက်ခွာလာရာ ခရီးကြာချိန် (၂၁)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး ဒီဇင်ဘာလ အတွင်း စပိန်နိုင်ငံမက်ဒရစ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Photo: rastreadordenoticias

အဆိုပါ ခရီးစဉ်၏ မိုင်ပေါင်းမှာ မိုင်ပေါင်း(၆၂၀၀)ခန့် ဖြတ်သန်းသွားမှာဖြစ်ပြီး ရုရှား၊ ကာဇစ္စတန်၊ ဘီလာရု၊ ပိုလန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံများကို ဖြတ်သန်းသွားပြီး စပိန်နိုင်ငံတွင် ခရီးစဉ် အဆုံးသတ်မှာဖြစ်ကြောင်း သိရပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဥရောပ နိုင်ငံများ ရထားလမ်းနှင့် ချိတ်ဆက် ဖြတ်သန်းသွားမှာ ဖြစ်သည့်အပြင် တရုတ်၊ ဥရောပ၊ အာရပ်ဒေသများ စီးပွားရေး ကုန်စည်စီးဆင်းမှုအတွက် လမ်းကြောင်းလည်း ဖြစ်ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; washingtonpost

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~