ဆေးရွက် မီးခိုးမှိုင်းဖြင့် (၆)နှစ်ကလေးအား ဖခင်ဖြစ်သူမှ ဆေးကုပေး

ဆေးရွက် မီးခိုးမှိုင်းဖြင့် (၆)နှစ်ကလေးအား ဖခင်ဖြစ်သူမှ ဆေးကုပေး
နိုဝင်ဘာ 26, 2014
By Tachileik News Agency

တရုတ်နိုင်ငံ၊ ယန်နန်ပြည်နယ်မှာ Wei Shufu ဆိုတဲ့ လူတစ်ယောက်ဟာ သူ့၏ အသက်(၆)နှစ်အရွယ် သမီးငယ်ကို ဆေးဖက်ဝင်သစ်ရွက်သစ်ပင်များအား မီးရှို့ကာ မီးခိုးမှိုင်းဖြင့် အရိုးရောဂါကို ကုသပေးသောနည်းဖြင့် ကုသပေးခဲ့ကြောင်းသိရသည်။

မစ္စတာ Wei Shufu ဟာ သမီးဖြစ်သူကို တရုတ်နိုင်ငံတောင်ပိုင်း အကြီးဆုံးမြို့တော် ကွမ်ဇိုးဆေးရုံမှာ ကုသခဲ့ပေမယ့်  ဆေးကုသစရိတ် ကြီးမြင့်ခြင်းကြောင့် ပျောက်ကင်းအောင် မကုသနိုင်တဲ့အတွက် ဆရာဝန်များရဲ့ အကြံပေးချက်ဖြင့် ဆေးဖက်ဝင် သစ်ရွက်သစ်ဥ၊ သစ်ပင်များကို မီးရှို့ကာ မီးခိုးမှိုင်းဖြင့် ကုသပေးတဲ့နည်းဖြင့် ကုသပေးခဲ့ဖြစ်ကြောင်းသိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; dailymail.co.uk

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~