ပင်လယ်ရေတွေ နီသွားတဲ့ တရုတ်ပင်လယ်

ပင်လယ်ရေတွေ နီသွားတဲ့ တရုတ်ပင်လယ်
နိုဝင်ဘာ 26, 2014
By Tachileik News Agency

တရုတ်နိုင်ငံ၊ ကွမ်းတုံပြည်နယ် Shenzhen ကမ်းခြေတစ်ခုမှာ လွန်ခဲ့တဲ့ အင်္ဂါနေ့က ပင်လယ်ရေတွေဟာ အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့တဲ့ အတွက် ခရီးသွားတွေက ရေပြင်အဆိပ်သင့်မှုတွေ ဖြစ်နိုင်တယ်ဆိုပြီး ရေကူးတာတွေ မပြုလုပ်တော့ကြောင်း သိရသည်။

အခုလို ပင်လယ်ရေ နီနေတာဟာ ငါးမန်းတွေ လူကိုကိုက်လို့လည်း နီနေခြင်းမဟုတ်ဘဲ၊ သမ္မာကျမ်းစာပါ ရောဂါဆိုးတွေကြောင့်လား ဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြဘူးလို့ ကမ်းခြေရှိ ဧည့်သည်များက ထင်မြင်ယူဆ ပြောဆိုနေကြသည်။

သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစနစ် ပျက်ယွင်းမှုများကြောင့် ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပညာရှင် Mr Zhou Kai ကတော့ ဆိုထားပြီး မိုးလေ၀သနဲ့ ဇလဗေဒဆိုင်ရာ စစ်တမ်းတွေ ကတော့ ပင်လယ်ရေပြင် ညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Photo & Ref; CCTVnews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~