ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ရဟတ်ယာဉ်ပျက်ကျရာ ထိုင်းဘုရင့်တပ်မတော်မှ စစ်တိုင်း (၃) ဒုတိုင်းမှူး တစ်ဦး အပါအ၀င် (၉)ဦး သေဆုံး

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ရဟတ်ယာဉ်ပျက်ကျရာ ထိုင်းဘုရင့်တပ်မတော်မှ စစ်တိုင်း (၃) ဒုတိုင်းမှူး တစ်ဦး အပါအ၀င် (၉)ဦး သေဆုံး
နိုဝင်ဘာ 18, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ မြောက်ပိုင်း Phayao တွင် ၂၀၁၄ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းက Bell 212 အမျိုးအစား ရဟတ်ယာဉ် တစ်စီးပျက်ကျ၍ ထိုင်းဘုရင့်တပ်မတော်မှ စစ်တိုင်း (၃) ဒုတိုင်းမှူး Major General Songphol Thongjeen (၁)ဦး အပါအ၀င် စစ်သား(၉)ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရဟတ်ယာဉ်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း Phayao  ရှိ Khun Chuang Thammikarat စစ်စခန်း အမှတ်(၁၇) ခြေလျင်တပ်ရင်းမှ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း အခြေစိုက် စစ်စခန်းသို့ အပြန်တွင် ပျက်ကျခဲ့တာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ဟာ (၁၀)မိနစ်ခန့် ပျံတက်သွားပြီးနောက် ဆက်သွယ်မှု ပြတ်တောက် သွားခဲ့တာဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။

ထန်ဝသုံ စစ်တပ်စခန်းနားက ရာဘာစက်ရုံနားတွင် အဆိုပါ ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပျက်ကျမှုကို ရွာသားများမှ တွေ့ရှိပြီး ဆက်သွယ်အကြောင်းကြားမှုကြောင့် ပျက်ကျမှုကို သိရတာဖြစ်ကြောင်းလည်း သိရသည်။

ယခုလို ဖြစ်ပွားသည့် အချိန်မှာ ညနေ(၅း၃၀)နာရီခန့်က ဖြစ်ပြီး ရဟတ်ယာဉ်တွင် ပါဝင်သူများမှာ ပိုင်းလော့(၁)ဦးနှင့် အကူပိုင်းလော့(၁)ဦး၊ စက်ပြင်(၂)ဦး နှင့် အခြား စစ်ဘက်ဆိုင်ရာ လိုက်ပါသူ (၅)ဦးတို့ဖြစ်ကြောင်းသိရသည်။

သေဆုံးသွားသူ များမှာ Maj Gen Songphol, Col Kitti Suwanchareon, Col Yuttaphong Phuenfung, Lt Col Wuttisak Soonthornsook, SM 1 Anan Chomchiangkham, Lt Col Manit Surasaena (pilot), Capt Woraphong Changsalak (co-pilot), SM 1 Somphob (engineer) နှင့် SM 1 Aphirun (engineer) ဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျမှုကို မြင်ရသူ ရွာသူ၊ ရွာသားများက ရဟတ်ယာဉ်ပျက်ကျလာပြီး ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်းနှင့် စစ်ဘက်မှ နိမိတ်မကောင်းခြင်းဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်း သိရသည်။

သေဆုံးသူများအနက် လူ(၆)ဦး၏ ခန္ဓာကိုယ်များကိုတော့ Phayao ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်လူများ၏ အလောင်းများကို လိုက်ရှာနေဆဲဖြစ်ကြောင်းနှင့် မီးလောင်ထားကြောင်းလည်းသိရသည်။

သေဆုံးသူ ပိုင်းလော့ SM 1 Anan Chamchiangkham ၏ ဖေ့ဘုတ်တွင် နံနက်(၆)နာရီ(၃၅)မိနစ်က တင်ထားသောပို့(စ်)မှာ “ရဟတ်ယာဉ်အဟောင်း၊ ပိုင်းလော့အသစ်၊ မကောင်းတာတွေတော့မြင်သေးတယ် ငရဲတံခါးဖွင့်ထားတယ်” ဆိုသော စာသားများ တင်ထားကြောင်းဖေါ်ပြထားသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; bangkokpost
Photo: bangkokpost

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~