မှတ်ပုံတင် မရှိသေးသည့် နိုင်ငံရေးပါတီဝင်များအား မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က လူဝင်မှုကြီးကြပ်ရေးသို့ ညှိနှိုင်းထား

မှတ်ပုံတင် မရှိသေးသည့် နိုင်ငံရေးပါတီဝင်များအား မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်က လူဝင်မှုကြီးကြပ်ရေးသို့ ညှိနှိုင်းထား
နိုဝင်ဘာ 27, 2014
By Tachileik News Agency

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအား နိုင်ငံရေးပါတီဝင်များမှ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားလာပါက ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရန် အတွက် ညှိနှိုင်းစာကို ပြီးခဲ့သည့် ရက်ပိုင်းက နိုဝင်ဘာလ (၁၉)ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။

ယခုလို ကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးစိစစ်ရေးကတ် မရှိတာ တစ်ခုတည်းနှင့် နိုင်ငံရေး ပါတီတစ်ခု၏ ပါတီဝင်အဖြစ် ၀င်ရောက်နိုင်ခွင့် မရှိခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအား ဆုံးရှုံးနစ်နာစေနိုင်သည့် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၅ ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်သော နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောလျင်စွာ ရရှိနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနကို ညှိနှိုင်းစာပို့ထားလိုက်တာ ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက်အရ နိုင်ငံရေးပါတီဝင်များသည် "နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူဖြစ်ခြင်း"ဟု ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံရေးပါတီအချို့က ပါတီဝင်များမှာ ဌာနေတိုင်းရင်းသားများ ဖြစ်သော်လည်း နိုင်ငံရေးစိစစ်ရေးကတ်ပြား မရရှိသေးသူတွေ အပြားအများရှိနေကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~