ရွှေတြိဂံဒေသအတွင်း (၂၈)ကြိမ်မြောက်အဖြစ် ပူးတွဲ ကင်းလှည့်ကာ စစ်ဆေး

ရွှေတြိဂံဒေသအတွင်း (၂၈)ကြိမ်မြောက်အဖြစ် ပူးတွဲ ကင်းလှည့်ကာ စစ်ဆေး
နိုဝင်ဘာ 23, 2014
By Tachileik News Agency

၂၀၁၄ နိုဝင်ဘာလ (၂၁)ရက်နေ့က မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရွှေတြိဂံဒေသ (၂၈)ကြိမ်မြောက် ပူးတွဲ ကင်းလှည့်လည်ခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

၎င်းပူးတွဲ ကင်းလှည့်လည်ခြင်းအား (၄)ရက် ပြုလုပ်ခဲ့ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ ပါဝင်ခဲ့ပြီး တန်ချိန်(၈၉၀)ပါ သင်္ဘော(၁၉)စီးနှင့် လူ(၄၉)ဦးအား စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရပြီး မယ်ခေါင်မြစ်ကြောင်း တစ်လျှောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ကင်းလှည့်လည်ခဲ့ကြောင်းသိရသည်။

ကင်းလှည့်လမ်းကြောင်း တစ်လျှောက် နယ်မြေများအား မူးယစ်ဆေးဝါးနှိမ်နင်းရေး အတွက်  ပြည်သူလူထုများမှ သတင်းပေးနိုင်ရန်အဖြစ် ဆက်သွယ်ရန် လိပ်စာကဒ်များအား ပေးခဲ့ကြောင်းလည်း သိရသည်။

ယခုလို လုပ်ငန်းစဉ်သည် လေးနိုင်ငံ လုံခြုံရေးဆိုင်ရာ သတင်းပူးပေါင်း ဖလှယ်ရေးနှင့် မဲခေါင်ဒေသ ရာဇ၀တ်မှုများ ပပျောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုမှုများနှင့် ၂၀၁၁ အောက်တိုဘာ (၅)ရက်နေ့ က တရုတ်နိုင်ငံသား (၁၃)ဦးအား မူးယစ်မှောင်ခို စိုင်းနော်ခမ်းအဖွဲ့က သတ်ဖြတ်မှုအပြီးမှာ ရွှေတြိဂံဒေသ လေးနိုင်ငံပူးပေါင်းသည့်အဖွဲ့မှာ အရှိန်အဟုန်မြှင့်တင်ကာ ကင်းလှည့်လည်ခြင်းအား ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref;chiangraitimes

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~