တာချီလိတ်မြို့မဈေးရှိ ပျံကျဈေးသည်များအတွက် ကော်မတီဖွဲ့၍ ညှိနှိုင်းဆွေးနွေး

တာချီလိတ်မြို့မဈေးရှိ ပျံကျဈေးသည်များအတွက် ကော်မတီဖွဲ့၍ ညှိနှိုင်းဆွေးနွေး
အောက်တိုဘာ 21, 2014
By Tachileik News Agency

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးသစ် တည်ဆောက်ပြီးလုဖြစ်နေသည့် ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ (၂၁)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင်တို့ ပါဝင်သည့် ကော်မတီဝင်များ၊ ဈေးကော်မတီ ဥက္ကဌ ဦးမဲ အပါအ၀င် ဈေးခေါင်းတို့သည် ပျံကျဈေးသည်များနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် စည်ပင်သာယာရေးဌာနရုံးတွင် ကော်မတီဖွဲ့၍ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသင့်သူများကို ကော်မတီဖွဲ့၍ အချက်တစ်ချက်ခြင်း၊ အသေးစိတ် ဆွေးနွေပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း၏ Facebook တွင် ရေးသားဖော်ပြထားသည်။

ပျံကျဈေးသူ ဈေးသားများသည် ၎င်းတို့တောင်းဆိုနေသော ပျံကျဈေးဆိုင် နေရာများအား ရရှိရေးနှင့် ပတ်သက်ပြီး ယခုလ အတွင်း တစ်စုံတစ်ရာ ထူးခြားမှုမရှိပါက အောက်တိုဘာလ(၂၇)ရက်နေ့မှာ တရားဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ မင်းအေးငြိမ်းဈေ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~