UNAIDS နှင့် Malteser Internation တို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် ဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်

UNAIDS နှင့် Malteser Internation တို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် ဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်
အောက်တိုဘာ 21, 2014
By Tachileik News Agency

အာရှဖွံ့ဖြိုးမှုဘဏ်၏ အထောက်အပံ့ဖြင့်  တာချီလိတ်မြို့နယ် အမျိုးသား ခုခံကျ/ကာလသား
ရောဂါတိုက်ဖျက်ရေး စီမံချက် ၊ UNAIDS နှင့်  Malteser  Internation တို့ ပူးပေါင်း ဆောင်ရွက်နေသော SP11 Project  စီမံကိန်း အချက်အလက်များ ဆွေးနွေးညှိနှိုင်းပွဲကို ယနေ့ အောက်တိုဘာလ (၂၁) ရက် နံနက်(၉)နာရီ အချိန်က တာချီလိတ်မြို့ရှိ ဂိုးလ်ဒင်းချယ်ရီဟိုတယ် ခန်းမတွင် ကျင်းပပြုလုပ်ရာ  ရှမ်းပြည်နယ် တွဲဘက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းကျော်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ ၊ ကျန်းမာရေးဌာနမှ သူနာပြုများ၊ ကျန်းမာရေးမှူးများ ၊ HIV/AIDS တိုက်ဖျက်ရေး NGO အဖွဲ့အစည်းများ ၊ လူမှုရေး အသင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရှေးဦးစွာ တွဲဘက်ပြည်နယ်ကျန်းမာရေး ဦးစီးမှူးမှ အဖွင့်အမှာစကား
ပြောကြားပြီး UNAIDS Country Director ဒေါ်အေးအေးနွယ် ၊ National AIDS Programme
Mannager ဒေါက်တာ မျိုးသန့်တို့မှ စီမံကိန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များအား ရှင်းလင်း
ပြောကြားကြကာ တက်ရောက်လာကြသူများမှ ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး ဆွေးနွေးပွဲအား
မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်ကြသည်။

အာရှဖွံ့ဖြိုးမှုဘဏ်၏ အထောက်အပံ့ဖြင့်  အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် ၊ UNAIDS နှင့်  Malteser  Internation တို့ ပူးပေါင်းဆောင်ရွက်နေသော SP11 Project များမှ တာချီလိတ်၊ မော်လမြိုင် ၊ ဘားအံ ၊ ကော့ကရိတ်၊ မြ၀တီမြို့များတွင် အခြေစိုက်ကာ ဒေသခံပြည်သူများ ၊ ရွှေ့ပြောင်း လုပ်သားများအား HIV/AIDS ပညာပေးလုပ်ငန်းများ ၊ ဆွေးနွေးနှစ်သိမ့် ၊ ထောက်ပံ့မှုနှင့် ကုသမှု လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သတင်း ။   ။ မောင်ယဉ်ကျေး
ဓါတ်ပုံ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
UNAIDS နှင့် Malteser Internation တို့ ပူးပေါင်းဆောင်ရွက်သည့်..

17 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~