အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား တာချီလိတ်တွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား တာချီလိတ်တွင် ကျင်းပ
အောက်တိုဘာ 30, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့ပြဘေး အန္တရာယ်လျော့ပါး ရေးစီမံချက် နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားကို ယနေ့ အောက်တိုဘာလ (၃၀)ရက်၊ နံနက် (၁၁)နာရီက အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ အောက်တိုဘာလ (၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ခုနှစ် အောက်တိုဘာလလ (၁၃)ရက်မှ စတင်ပြီး ယနေ့အချိန်အထိ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြည်သူလူထုမှ ပိုမိုသတိပြုလာနိုင်စေရန်နှင့် ပြည်သူလူထုအတွင်း သဘာဝ ဘေးလျော့ပါးရေးလုပ်ငန်းများရဲ့ အရေးကြီးပုံများကို သိရှိလိုက်နာကြခြင်းဖြင့် သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက ထိခိုက်မှု နည်းပါးအောင် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ မသန်စွမ်းသူများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် အမျိုးသမီးများ အကြားတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများကို ပိုမိုသိရှိ နားလည်လာစေရန်၊ မြန်မာနိုင်ငံ၏ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်းကို နိုင်ငံတကာမှ သိရှိစေရန်၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း၊ စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ ထိရောက်အောင်မြင်မည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊ စီမံချက် ညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ အထွေထွေအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့တွင် ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရ ကျောင်းသား ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိ သူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း ။  ။ ဝေယံလင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား တာချီလိတ်တွင်...

55 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~