အောက်တိုဘာ ၂၁ ရက် ညပိုင်းမှာ ကြယ်မိုးရွာဖွယ်ရှိ

အောက်တိုဘာ ၂၁ ရက် ညပိုင်းမှာ ကြယ်မိုးရွာဖွယ်ရှိ
အောက်တိုဘာ 21, 2014
By Tachileik News Agency

၇၅ နှစ်မှာ တစ်ကြိမ်သာ ကမ္ဘာနဲ့နီးကပ်စွာ ဖြတ်သန်းသွားလာလေ့ရှိတဲ့ Orionid ဥက္ကာပျံ ဖြတ်သန်း သွားလာမှုဟာ တစ်နာရီမှာ 25 meteors နှုန်းနဲ့ ကောင်းကင်ယံမှ ဖြတ်သန်းသွားမှာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

Orionid ဥက္ကာပျံ ဖြတ်သန်းသွားမှုကြောင့် ကောင်းကင်ယံမှာ ညရဲ့ အလင်းရောင်များဟာ ပုံမှန်ထက် လင်းလက်နေမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

EarthSky ဌာနကတော့ အောက်တိုဘာ(၂၀)ရက် နဲ့ (၂၁)ရက်တို့ရဲ့ ညပိုင်းမှာ ကြယ်မိုးရွာမယ်လို့ ဆိုထားပေမဲ့ အချိန်အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

သူဟာ ၇၅ နှစ်မှာ တစ်ကြိမ် ကမ္ဘာနဲ့နီးကပ်စွာ ဖြတ်သန်းသွားပြီး ၂၀၆၂ မှာ တစ်ကြိမ်ထပ်မံ ဖြတ်သန်း သွားမှာဖြစ်ပါတယ်။ အရှေ့ နဲ့ အရှေ့တောင်ဘက် ကောင်းကင်ယံမှ ညသန်းခေါင်ယံအချိန် ဖြတ်သန်းသွားမှာ ဖြစ်ပြီး မိနစ်(၂၀)ခန့် ကောင်းမွန်စွာ မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း နဲ့ Orionid ဥက္ကာပျံ ဖြတ်သန်းသွားမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈၈ နှစ်လောက်က တရုတ်နိုင်ငံမှာ တွေ့ရှိတာဖြစ်ပြီး ကြယ်မိုးရွာသွန်းမှု သဏ္ဍာန်အလား ဖြစ်ပေါ်မှာဖြစ်ကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

ဘာသာပြန်။ ။ မင်းသုတ
Photo: Ye Aung Thu, AFP/Getty Images
ref : : usatoday

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~