အိုဘားမားရဲ့ သမ္မတသက်တမ်း (၆)နှစ်အတွင်း အရေးပေါ်ကိစ္စ (၂၂)ကြိမ်ဖြစ်ပွား

အိုဘားမားရဲ့ သမ္မတသက်တမ်း (၆)နှစ်အတွင်း အရေးပေါ်ကိစ္စ (၂၂)ကြိမ်ဖြစ်ပွား
အောက်တိုဘာ 23, 2014
By Tachileik News Agency

အမေရိကန်သမ္မတ Jimmy Carter လက်ထက် အီရန် ဓါးစာခံ အရေးအခင်း(၁၉၉၇)ခုနှစ်ကစပြီး အမျိုးသားရေးအန္တရာယ်ဟာ အမေရိကန်နိုင်ငံအတွက် (၃၅)နှစ်ကြာခဲ့ပေမယ့် အမြဲတမ်း ခြိမ်းခြောက် ခံနေရသလို ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းဌာန တစ်ခုက ရေးသား ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ George W. Bush လက်ထပ်က (၉/၁၁) အရေးအခင်း ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ယခု သမ္မတ Obama လက်ထက်မှာလည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်း တွေကို ပိုမိုကျယ်ပြန့်စွာ ဖြေရှင်းနိုင်ရန် သမ္မတလုပ်ပိုင်ခွင့် အာဏာသုံးပြီး အမျိုးသားလုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိများကို ခေါ်ယူညှိုနှိုင်း လျှက်ရှိတယ်လို့ သိရပါတယ်။

အိုဘားမားအစိုးရ အနေနဲ့ အီဘိုလာ ကိစ္စရပ်များကို အမျိုးသားရေး ပြဿနာအဖြစ် ပိုမိုဆောင်ရွက်သွားမှာ ဖြစ်ပြီး သမ္မတ အိုဘားမား အစိုးရလက်ထက်မှာ (၆)နှစ်တာ ကာလအတွင်း အရေးပေါ်ကိစ္စများ (၂၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်းနဲ့ (၁၉၇၆)ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အမျိုးသားအရေးပေါ်ဆိုင်ရာ အခြေအနေ အက်ဥပဒေ အရ သမ္မတမှာရှိတဲ့ အခွင့်အာဏာများနဲ့ ဖြေရှင်းမှသာလျှင် ပိုမိုကောင်းမွန်တဲ့ ရလာဒ်များ ရရှိနိုင်မည် ဖြစ်ကြောင်းအပြင် သမ္မတ လုပ်ပိုင်ခွင့် အာဏာကို ဒီထက်ပိုမို ကောင်းမွန်လာအောင် အိမ်ဖြူတော် အစိုးရနဲ့ လွှတ်တာ် ကွန်ကရစ်က ပြုပြင်ပြောင်းလဲ ဖြည့်စွက်သင့်ကြောင်းကို US Today သတင်းစာက ဖေါ်ပြထားပါတယ်။

ဘာသာပြန်။  ။ မင်းသုတ
Photo: Kevin Lamarque/Reuters
ref; usatoday

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~