Morning Star Cup 2014 ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ စည်ကားစွာ ကျင်းပ

Morning Star Cup 2014 ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ စည်ကားစွာ ကျင်းပ
အောက်တိုဘာ 21, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့နယ် ကြက်တောင် ဆပ်ကော်မတီနှင့် Sponsor များဖြစ်ကြသော ဦးစိုင်းစိုင်း(မိုးသောက်ကြယ်)မိသားစု နှင့် ဦးမြင့်နွယ် တို့မှ ကြီးမှူးကျင်းပသည့် တာချီလိတ်"Morning Star Cup 2014" Badminton Championship ပြိုင်ပွဲကို ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့မှ စ၍ အောက်တိုဘာလ(၂၃)ရက်နေ့အထိ တာချီလိတ်မြို့နယ် အားကစားခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

ပြိုင်ပွဲတွင် အတန်း(၆)တန်းပါဝင်ပြီး အတန်းလိုက် အနေဖြင့် 1. Man Over "50" Year Double၊ 2. Man Single (A) 3. Man Double (A) 4. Man Single (B) 5. Man Double (B) နှင့် 6. Mix Double များအဖြစ် သတ်မှတ်၍ ပြိုင်ပွဲအား ကျင်းပပြုလုပ်လျက်ရှိရာ ပြိုင်ပွဲအတွက် ကုန်ကျမည့် ကြက်တောင်များ၊ ပြိုင်ပွဲဝင်များ အတွက် အင်္ကျီများ၊ ဒိုင်လူကြီးများ အတွက် အင်္ကျီများ၊ ဆုဖလားများ၊ ညစာစားပွဲ နှင့် ဆုပေးပွဲများအတွက် ကုန်ကျမည့် ငွေကြေးများကို ဦးစိုင်းစိုင်း(မိုးသောက်ကြယ်)နှင့် ဦးမြင့်နွယ်တို့မှ ပေးအပ် ပံ့ပိုးထားတာဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမား (၅၀)ဦးမှ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး Sponsor များမှလည်း အမှတ်တရ ဆုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကစားကြသည်။

"တာချီလိတ်က ကြက်တောင် အားကစားသမားတွေထဲမှာ ထူးချွန်အားကစားသမားတွေ အများကြီး ရှိပါတယ်၊ ၂၀၀၉ခုနှစ်တုန်းက ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲမှာ ဒုတိယ(ရှမ်းရှေ့)၊ ၂၀၁၁ ခုနှစ်က ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲမှာ တတိယ ရယူခဲ့ဖူးပါတယ်။ ရှမ်းပြည်နယ် ကိုယ်စားပြုပေါ့၊ ၂၀၁၁ တုန်းက တောင်ကြီးနဲ့ ပူးပေါင်း ပြိုင်ခဲ့တာပါ။ အခုနောက်ပိုင်း မပြိုင်ဖြစ်သေးဘူး၊ အခုလို Sponsor တွေ များများရှိမှ ပြိုင်ပွဲများများ လုပ်နိုင်တာပါ၊ ဒါမှ လက်ရည်တက်ပြီး ထူးချွန် ကြက်တောင် အားကစားသမားတွေ ထွက်လာနိုင်မှာ ဖြစ်ပါတယ်.."ဟု တာချီလိတ်မြို့နယ် ကြက်တောင် ဆပ်ကော်မတီမှ ဦးစိုင်းဇော်မိုးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ဆက်လက်၍ ၎င်းမှ "အခုပြိုင်ပွဲကတော့ ကျပ်သိန်း(၂၀)ကျော် ကုန်မယ်လို့ မှန်းထားပါတယ်။ ပြိုင်ပွဲက ည(၆)နာရီကစပြီး ည(၁၂)နာရီ အချိန်လောက်မှ ပြီးမှာပါ။ ပြိုင်ပွဲဝင်တိုင်းက အလုပ်နဲ့ဆိုတော့ ညပိုင်းကိုပဲ ရွေးချယ်ပြီးတော့ ကျင်းပဖြစ်တာပါ။ Sponsor ပေးတဲ့ ဦးစိုင်းစိုင်း(မိုးသောက်ကြယ်) နဲ့ ဦးမြင့်နွယ် တို့ကို အားလုံးကိုယ်စား အထူး ကျေးဇူးတင်ပါတယ်"ဟု ပြောလာသည်။

ကြက်တောင်အားကစား ၀ါသနာပါသူများအနေဖြင့် အဆိုပါ နေ့ရက်များတွင် အခမဲ့သွားရောက် အားပေးကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

သတင်း။  ။ ဆုလဏီး
ဓါတ်ပုံ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
Morning Star Cup 2014 ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ စည်ကားစွာ....

43 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~