နိုဝင်ဘာလအတွင်း ဆောင်ရွက်မည့် မိုးပွင့် အဆင့် (၇)စီမံချက်အတွက် မှတ်ပုံတင်နှင့်အိမ်ထောင်စု မပြုလုပ်ရသေးသူများ ရပ်ကွက်/ကျေးရွာများတွင် စာရင်းပေးသွင်းရန်လို

နိုဝင်ဘာလအတွင်း ဆောင်ရွက်မည့် မိုးပွင့် အဆင့် (၇)စီမံချက်အတွက် မှတ်ပုံတင်နှင့်အိမ်ထောင်စု မပြုလုပ်ရသေးသူများ ရပ်ကွက်/ကျေးရွာများတွင် စာရင်းပေးသွင်းရန်လို
အောက်တိုဘာ 24, 2014
By Tachileik News Agency

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ၂၀၁၄ခုနှစ် နိုဝင်ဘာလ အတွင်း၌ မိုးပွင့်အဆင့် (၇)စီမံချက် အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ မွေးတိုးစာရင်းများ နှင့် လူဦးရေစာရင်းများ စသည့် လုပ်ငန်းစဉ်များအတွက် ကွင်းဆင်း ဆောင်ရွက်ပေးမည် ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ် နှင့် အိမ်ထောင်စုစာရင်း မပြုလုပ်ရသေးသူများ အနေဖြင့် တာချီလိတ်ခရိုင် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အမည်စာရင်းများကို ကြိုတင်၍ ယခု အောက်တိုဘာလအတွင်း  ပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။

မိုးပွင့်အဆင့် (၇)စီမံချက်အနေဖြင့် ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် နှင့် (၁၈)နှစ် အထက်များ၊ အိမ်ထောင်စုစာရင်း မပြုလုပ်ရသေးသူများ၊ မွေးတိုးစာရင်း မထည့်သွင်းရသေးသူများနှင့် သေဆုံးစာရင်း ပယ်ဖျက်လိုသူများ စသည့် ကိစ္စရပ်များ အတွက် ဆောင်ရွက်ပေးမည်ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှတဆင့် ကြိုတင်စာရင်းပြုစု တင်ပြသွားနိုင်ရန် အတွက် မပြုလုပ်ရသေးသူများ အနေဖြင့် အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ပေးသွင်းရမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~