အိမ်နောက်ဖေးမှ ၀င်ခိုးရန် ကြိုးစားသူ ကြိုးဆွဲချသဖွယ် သေဆုံးမှု ထိုင်းတွင်ဖြစ်ပွား

အိမ်နောက်ဖေးမှ ၀င်ခိုးရန် ကြိုးစားသူ ကြိုးဆွဲချသဖွယ် သေဆုံးမှု ထိုင်းတွင်ဖြစ်ပွား
အောက်တိုဘာ 22, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ ဆူရတ်ဌာနီမြို့မှာ၂၀၁၄ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့က အမည်မသိ လူငယ်တစ်ဦး နေအိမ်နောက်ဖေးမှ ၀င်ရောက်ခိုးယူရန်အတွက် ကြိုးစားရာကနေ အုတ်ရိုးနဲ့ အမိုးတန်းညှပ်ပြီး ကြိုးဆွဲချသဏ္ဍာန် လည်ပင်းအစ်ကာ သေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းကို ထိုင်းနိုင်ငံ အွန်လိုင်းသတင်းများက ဖော်ပြထားပါတယ်။

( Photo: postjung )

အမည်မသိ အဆိုပါ လူငယ်သည် ပုံမှာဖော်ပြထားသည့်အတိုင်း နေအိမ်နောက်ဖေး အုတ်ရိုးနှင့် အမိုးတန်းကြား လစ်ဟာနေတဲ့ နေရာမှကျော်ပြီး နေအိမ်အတွင်း ပစ္စည်းများ ခိုးယူရန် ကြိုးစားပြီး ကျော်ခွ တိုးဝင်နေစဉ်မှာပဲ ၎င်းရဲ့ ခြေထောက်အားပြုထားတဲ့ သစ်သားချောင်းမှာ ဘေးသို့ လဲကြသွားရာမှာ ခြေထောက်မှာ အခြေပြုစရာ သစ်သားချောင်း မရှိတော့တဲ့အတွက် တစ်ဖက်ကို ၀င်ရောက်ပြီးဖြစ်နေတဲ့ ဦးခေါင်းမှာ အုတ်ရိုးနဲ့အမိုးတန်းကြား ပြန်ထုတ်လို့မရတော့ဘဲ ရုန်းကန်ရင်းနဲ့ အခုလို သေဆုံးနေတာ ဖြစ်ကြောင်း သိရပါတယ်။

ဘာသာပြန်။ ။ ကိုဇောင်း
Photo: postjung

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~