အမေရိကတိုက်အတွင်း နှစ်ပေါင်း(၅၀၀၀၀)ခန့်က မြို့ဟောင်း ရှာဖွေတွေ့ရှိ

အမေရိကတိုက်အတွင်း နှစ်ပေါင်း(၅၀၀၀၀)ခန့်က မြို့ဟောင်း ရှာဖွေတွေ့ရှိ
အောက်တိုဘာ 31, 2014
By Tachileik News Agency

မက္ကစီကိုနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ မိုင်ပေါင်း(၃၀)ခန့် အကျယ်ပမဏရှိတဲ့ မြို့တော်ဟောင်း တစ်ခုကို တူးဖေါ်တွေ့ရှိပြီး ၎င်းမြို့တော်မှာ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ ကိုလံဘတ် မတိုင်ခင် နှစ်ပေါင်း (၅၀၀၀၀)ကျော်ကတည်းက ရှိနေတဲ့ မြို့ဟောင်းဖြစ်လိမ့်မယ်လို့ သတင်းများက ဖော်ပြထားပါတယ်၊

၎င်းမြို့တော်ဟောင်းမှ လက်ဝတ်ရတနာများ၊ သစ်သီးစေ့များ၊ တိရိစ္ဆာန်အရိုးများ နဲ့ လူအသုံးအဆောင် ပစ္စည်းများကို တူးဖေါ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုတွေ့ရှိတဲ့ မြို့တော်ဟောင်းကို ရှေးဟောင်းဘုရားကျောင်းတစ်ခုရဲ့ လိုဏ်ခေါင်းတစ်ခုအတွင်းမှ စတင် တူးဖေါ်ရရှိတာဖြစ်သလို ၂၀၀၃ ခုနှစ်က တူးဖေါ်ရရှိခြင်းဖြစ်ပြီး (၉)နှစ်အကြာမှာ အတွင်းသို့ လေ၀င်လေထွက်နှင့် အလင်းရောင် ရောက်ရှိရန် ကြိုးစားမှု အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကတိုက်အတွင်း ရှာဖွေတွေ့ရှိရတဲ့ မြို့ဟောင်းများအနက် ယခုတွေ့ရှိရတဲ့ မြို့ဟောင်းဟာ အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
ref; BBC
photo: BBC

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~