လယ်ယာစွန့်ပစ် ပစ္စည်းများ မီးရှို့မှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုဖြစ်ပေါ်

လယ်ယာစွန့်ပစ် ပစ္စည်းများ မီးရှို့မှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုဖြစ်ပေါ်
အောက်တိုဘာ 30, 2014
By Tachileik News Agency

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြို့တော်များတွင် လေထုညစ်ညမ်းမှု အတော်ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေကြောင်း ယနေ့ အောက်တိုဘာလ(၃၀)ရက်နေ့တွင် CCTV သတင်းဌာနမှ ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ အမျိုးသားမိုးလေ၀သဌာန၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၊ ဘေးကျင်း၊ တိုင်ကျင်၊ ဟီဘိုင်း ဒေသများသည် လွန်ခဲ့သည့် နှစ်များထက် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားစွာ ခံစားလာရကြောင်းနှင့် တရုတ်နိုင်ငံမြောက်ပိုင်း ကျူလင်ဒေသ အတွင်းရှိ လေထုအရည်အသွေးမှာ စိုးရိမ်စရာ အခြေအနေတွင် တည်ရှိနေကြောင်း သိရသည်။

Zhao Huiqin ကျေးရွာရှိ တောင်သူများမှာ စိုက်ခင်းများရှိ ကောက်ရိုးများ မီးရှို့မှုကြောင့် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာကြောင်း၊ အစိုးရအနေနှင့် ကောက်ရိုးမီးရှို့မှုများထက် ကောင်းမွန်သည့် နည်းလမ်းများ စီမံပေးလျှင် ပိုမိုကောင်းမွန်နိုင်ကြောင်းနှင့် အသက်ရှုမှုကိုပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရနိုင်ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
ref; cctv
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~