ဗြိတိန်နိုင်ငံနှင့်ပူးပေါင်း၍ လမ်းကြောင်းသစ်ဖြင့် အခွင့်အလမ်းများ ဖေါ်ဆောင်သွားမည်ဟု စင်္ကာပူသမ္မတ ပြောကြား

ဗြိတိန်နိုင်ငံနှင့်ပူးပေါင်း၍ လမ်းကြောင်းသစ်ဖြင့် အခွင့်အလမ်းများ ဖေါ်ဆောင်သွားမည်ဟု စင်္ကာပူသမ္မတ ပြောကြား
အောက်တိုဘာ 26, 2014
By Tachileik News Agency

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် စင်္ကာပူသမ္မတ  ဒေါက်တာတိုနီတန်ကင်ယမ်းသည် ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်တွင် လန်ဒန်မြို့၌ မီဒီယာများအား မိမိတို့နိုင်ငံနှစ်ခု၏ အခွင့်အလမ်းများ ဖေါ်ဆောင်ရာတွင် လမ်းကြောင်းသစ်ဖြင့် နှစ်နိုင်ငံ အတူတကွ ပူးပေါင်း ဖေါ်ဆာင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ယခုခရီးစဉ်မှာ ပိုမိုအရေးပါသည့် ခရီးစဉ်ဖြစ်ကာ ယခင်ခရီးစဉ်များထက် ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှစ်ခုမှာ သမိုင်းကြောင်း တစ်လျှောက်လုံး ကောင်းမွန်သော ဆက်ဆံရေးများရှိခဲ့ကြောင်း၊  စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် စင်္ကာပူနိုင်ငံအား ရှာဖွေတွေ့ရှိသူ Sir Stamford Raffles လက်ထက်မှစ၍ နှစ်ပေါင်း(၂၀၀)ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှာ လာမည့်နှစ်တွင် နှစ်ပေါင်း(၅၀)ပြည့်ပြီဖြစ်ကြောင်း၊ ဒီလိုနှစ်ပေါင်း ကြာရှည်စွာ ကောင်းမွန်ခိုင်မာသည့် ဆက်ဆံရေး တည်ဆောက်မှုမှာ နှစ်ဦးနှစ်ဘက် ကြိုးစားမှုကြောင့် ဖြစ်ကြောင်း၊ နောက်ထပ် နှစ်နိုင်ငံ တီထွင်စမ်းသစ်မှုများ၊ သုတေသနလုပ်ငန်းများ၊ စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြာင်းနှင့် ၎င်းတို့မှာ ဗြိတိသျှလူမျိုး မဟုတ်ကြောင်း၊  ခြားနားသော အသွင်ပြင်များ၊ ယဉ်ကျေးမှုစရိုက်များနှင့် သမိုင်းများရှိကြောင်း သို့ပေမဲ့ ၎င်းတို့ဟာ ဗြိတိသျှလူမျိုးများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများအား သင်ကြားကာ ယုံကြည်မှုကို ပိုမိုခိုင်မာသည့် လမ်းကြောင်းသစ်နှင့် အတူတကွ ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဘာသာပြန်။  ။ မင်းသုတ
ref;todayonline.com
photo; AFP/Dominic Lipinski/Pool

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~