ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် ၀င်ပေါက် မိုးပျံတံတားပေါ်မှ ပြုတ်ကျ၍ မြန်မာနိုင်ငံသား နှစ်ဦး ပွဲချင်းပြီးသေဆုံး

ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် ၀င်ပေါက် မိုးပျံတံတားပေါ်မှ ပြုတ်ကျ၍ မြန်မာနိုင်ငံသား နှစ်ဦး ပွဲချင်းပြီးသေဆုံး
အောက်တိုဘာ 19, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏ ဘူမိလေဆိပ် ၀င်ပေါက် မိုးပျံတံတားပေါ်တွင် မြန်မာနိုင်ငံသား နှစ်ဦးသည် ၎င်းတို့ မောင်းနှင်လာသော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်၍ အောက်သို့ပြုတ်ကျသွားရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

(  ထိုင်းရဲများ စစ်ဆေးနေပုံ  Photo:bangkokpost ) 

ထိုင်းရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသား နှစ်ဦးဟာ ယနေ့ အောက်တိုဘာလ (၁၉)ရက် နေ့လယ် (၂)နာရီအချိန်က ဆိုင်ကယ်အား အရှိန်မထိန်းနိုင်၍ မိုးပျံတံတားပေါ်မှ အောက်သို့ (၁၀)မီတာခန့် ပြုတ်ကျသွားပြီး ခြေ၊ လက်များကျိုးကာ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ကြောင်းနှင့် ထိုင်းရဲတပ်ဖွဲ့မှလည်း သေမှုသေခင်းအရ အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း ပြောကြားသည်။

ဘာသာပြန်။   ။ မင်းသုတ
ref : :bangkokpost

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~