ဆော်ဒီအာရေဗျနိုင်ငံမှာ လိုင်စင်မဲ့ သားသတ်လုပ်ငန်းကို ၀င်စစ်ရာ ကြက်သေများစွာတွေ့

ဆော်ဒီအာရေဗျနိုင်ငံမှာ လိုင်စင်မဲ့ သားသတ်လုပ်ငန်းကို ၀င်စစ်ရာ ကြက်သေများစွာတွေ့
အောက်တိုဘာ 22, 2014
By Tachileik News Agency

ဆော်ဒီအာရေဗျနိုင်ငံ Makkah subburb အရပ်မှာရှိတဲ့ နေအိမ်တစ်လုံးမှာ တရားမ၀င် သားသတ်လုပ်ငန်း လုပ်ကိုင်နေကြောင်းကို စည်ပင်သာယာရေး အရာရှိက သတင်းရရှိသွားပြီး ၀င်ရောက် ရှာဖွေတဲ့အခါမှာ ကြက်သေ အပိုင်းအစများ ပြည့်လျှံနေတာကို တွေ့ရှိရပြီး သားသတ်ရုံအတွင်း မသတ်ရသေးတဲ့  ကြက်အကောင်ရေ (၈၀၀၀)ကျော်ကိုလည်း တွေ့ရှိရတယ်လို့ အယ်(လ)အာရဗီ သတင်းက အောက်တိုဘာလ (၂၀)ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

အခုလို ကြက်များကို သတ်ဖြတ်ပြီး ဒေသ ဈေးကွက်အတွင်းမှာ ထုပ်ပိုးပြီးတော့ ရောင်းချမှာဖြစ်ပြီး သူတို့ဟာ သားသတ် လိုင်စင်မရှိဘဲနဲ့ ကြက်တွေကို သတ်ဖြတ်ပြီး ရောင်းချနေတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ အတွက် စည်ပင်သာယာရေး အရာရှိက ပါဝင်လုပ်ကိုင်နေသူ (၁၀)ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး အရေးယူထားတယ်လို့ သိရှိရပါတယ်။

ဘာသာပြန်။ ။ မင်းသုတ
Photo: arabnews.com
ref : : arabnews.com

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~