သုံးလအတွင်း Iphone အလုံးရေ (၃၉)သန်းကျော် ရောင်းချနိုင်ခဲ့

သုံးလအတွင်း Iphone အလုံးရေ (၃၉)သန်းကျော် ရောင်းချနိုင်ခဲ့
အောက်တိုဘာ 21, 2014
By Tachileik News Agency

Apple ကုမ္ပဏီက ထုတ်တဲ့ Iphone အလုံးရေ (၃၉)သန်းကျော်ကို သုံးလအတွင်း ရောင်းချခဲ့ပြီး ထို့အတူ Ipad အလုံးရေ(၁၂)သန်းကို ရောင်းချခဲ့ရတဲ့ သတင်းတစ်ရပ် Yahoo သတင်းက ဖော်ပြထားပါတယ်။

ယခု အရောင်းကာလအတွင်း ရောင်းရငွေ (၃၇.၅)ဘီလီယံမှ (၄၂)ဘီလီယံခန့် ရှိမှာဖြစ်ပြီး အသာတင် အမြတ် (၇.၅)ဘီလီယံ သို့မဟုတ် (၈.၅)ဘီလီယံခန့်ရှိမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပြီး Apple အားလုံးရဲ့ (၆၀%)ကို အမေရိကန် အပြင်ဘက် ပြည်ပနိုင်ငံများကို ရောင်းချထားခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

Apple ရဲ့CEO ကတော့ iphone 6 နဲ့ iphone 6 plus ကို စက်တင်ဘာလကုန် အထိ နောက်ထပ် အလုံးရေ (၁၀)သန်းခန့် ထပ်မံရောင်းချ ရနိုင်ဖွယ်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။ Apple ထုတ်ကုန်တွေကို ယခင်နှစ်က (၄.၄)သန်းခန့် ရောင်းချခဲ့ရာကနေ ယခု (၅.၅)သန်းခန့် ရောင်းချနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ipod မှာတော့ အရှုံးပေါ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်က (၂.၉)သန်းခန့် ရောင်းချခဲ့ရပေမဲ့ ယခုနှစ်မှာတော့ (၂.၆)သန်းခန့်သာ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘာသာပြန်။ ။ မင်းသုတ
Photo: dailymail
ref : : news.yahoo.com

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~