တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ထဲ ဓါတ်မီးတိုင် တစ်တိုင် ယိမ်းယိုင်

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ထဲ ဓါတ်မီးတိုင် တစ်တိုင် ယိမ်းယိုင်
အောက်တိုဘာ 23, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အကွက်(၆)၊ နံသာဖြူလမ်းတွင် ဓါတ်မီးတိုင်တစ်တိုင်သည် ဆိုးရွားစွာဖြင့် လမ်းပေါ်သို့ ယိမ်းယိုင်နေလျက်ရှိပြီး လမ်းသွား၊ လမ်းလာများအတွက် အန္တရာယ်ရှိစေသည့် မြင်ကွင်းအား ယနေ့ အောက်တိုဘာလ(၂၃)ရက်နေ့ နေ့လည်ပိုင်းမှာ တွေ့မြင်ရသည့်အတွက် တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး ပြုပြင်မွမ်းမံနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ ထင်သာမြင်သာ အဖြစ် ဖော်ပြလိုက်ပါသည်။

ထိုသို့ ဖြစ်ပွားနေမှုသည် (၃)ရက်ခန့်ရှိနေပြီး ယနေ့ အောက်တိုဘာလ (၂၃)ရက် နေ့လည်ပိုင်း အချိန်ထိ သက်ဆိုင်ရာမှ လာရောက်ပြုပြင်ခြင်း မရှိသေးကြောင်း ပုံတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပေါ်နေလျက်ရှိတာကို တွေ့ရှိရသည်။

သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~