အသက်ကြီးပေမဲ့ စွမ်းရည်မကျသေးတဲ့ အသက်(၉၆)နှစ်ရှိ တရုတ်အဖိုးအို

အသက်ကြီးပေမဲ့ စွမ်းရည်မကျသေးတဲ့ အသက်(၉၆)နှစ်ရှိ တရုတ်အဖိုးအို
အောက်တိုဘာ 24, 2014
By Tachileik News Agency

အောက်တိုဘာလ(၂၂)ရက် နံနက်ပိုင်းက တရုတ်နိုင်ငံက အသက်(၉၆)နှစ်ရှိတဲ့ Zhang Chenglin အမည်ရှိ အဘိုးအိုတစ်ဦးဟာ သူ့ရဲ့ ကွန်ဖူးစွမ်းရည်ကို မနက်ခင်း လမ်းလျှောက်နေစဉ်မှာ လူအများရှေ့မှာ သရုပ်ပြသခဲ့တယ်လို့ CCTV သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အသက်(၉၆)နှစ်ရှိတဲ့ အဖိုးအိုဟာ ရှဲန်စီမြို့မှာ နေထိုင်သူဖြစ်ပြီး နေ့စဉ် နံနက်တိုင်း အားကစားလုပ်လေ့ရှိပြီး နေ့စဉ် ခြေလှမ်း (၁၀၀၀)ကျော် လျှောက်လှမ်းတယ်လို့ သိရပါတယ်။ အဲ့ဒီလို  အသက်ကြီးသော်လည်း နေ့စဉ် အားကစားလုပ်နေရင်းနဲ့ အဖိုးအို က တရုတ်လူငယ်တွေ ပျင်းရိမနေဘဲ သူ့လို အားကစား လုပ်စေချင်တယ်ဆိုတဲ့ ပြောဆိုချက်ကို ရေးသားဖော်ပြထားပါတယ်။

ဘာသာပြန်။  ။ မင်းသုတ
Photo: cctvNews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~