မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ မိတ်ဆုံညစာစားပွဲနှင့် သီဆိုဖျော်ဖြေပွဲ လက်မှတ်များ စတင်ဝယ်ယူနိုင်ပြီ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ မိတ်ဆုံညစာစားပွဲနှင့် သီဆိုဖျော်ဖြေပွဲ လက်မှတ်များ စတင်ဝယ်ယူနိုင်ပြီ
အောက်တိုဘာ 25, 2014
By Tachileik News Agency
1ST MYANMAR TACHILEIK BIKE WEEK မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ မိတ်ဆုံညစာစားပွဲနှင့် ထိုင်းနိုင်ငံမှ နာမည်ကျော် ကရာဘောင်း တေးဂီတအဖွဲ့နှင့် နာမည်ကျော် အဆိုတော် ဇော်ဝင်းထွဋ်၊ သျှီ နှင့် အင်ပါယာ တေးဂီတ အဖွဲ့၏ သီဆိုဖျော်ဖြေပွဲ လက်မှတ်များ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ မိတ်ဆုံ ညစာစားပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေ (၅)နာရီအချိန်တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အာဆီယံနိုင်ငံများမှ မော်တော်ဆိုင်ကယ်ကလပ်များနှင့် နိုင်ငံတကာမှ မော်တော်ဆိုင်ကယ်ကလပ်များမှ BIG BIKE ဆိုင်ကယ်ကြီးများ စီးနင်းပြီး တာချီလိတ်မြို့သို့ လာရောက်ကာ ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။ (BIG BIKE ဆိုသည်မှာ အင်ဂျင်ပါဝါအား 400 စီစီ အထက်ဆိုင်ကယ်များ ကိုသာ ဆိုလိုသည်။)

အဆိုပါပွဲတော်ကြီးအား အိမ်ရှင်အနေဖြင့် စီစဉ်ကျင်းပသော တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်သည် နိုင်ငံတကာမှ မော်တော်ဆိုင်ကယ် ကလပ်များသို့ ဖိတ်ကြားစာများ ပေးပို့ခဲ့ရာ ယခုအချိန်တွင် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မော်တော်ဆိုင်ကယ်ကလပ်များမှ ဆိုင်ကယ်စီးသမား (၃၀၀)ကျော်၊ မလေးရှားနိုင်ငံမှ (၁၀၀)ကျော်၊ စင်ကာပူ နှင့် အင်ဒိုနီးရှားမှ (၅၀)ကျော်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် မှ (၂၀)ကျော်၊ လာအိုနိုင်ငံမှ (၂၀)ကျော်၊ ဂျာမနီ ၊ဆွီဒင်၊ ဗြီတိန်၊ သြစတြေးလျ၊ အမေရိကန်နှင့် ကနေဒါတို့မှ (၅၀)ကျော် စုစုပေါင်း ဆိုင်ကယ်အစီး (၅၀၀)ကျော် နှင့် လူပေါင်း (၆၀၀)ခန့် တက်ရောက်ကြမည့်အကြောင်း အကြောင်းပြန်ကြားစာများ ရရှိထားပြီးဖြစ်ပါသည်။

ဧည့်သည်ခရီးဝေးစီး ဆိုင်ကယ်သမားများသည် ဒီဇင်ဘာ (၁၃) နှင့် (၁၄)ရက်နေ့များတွင် တာချီလိတ်မြို့ အရောက် စီးနင်းလာကြမည်ဖြစ်ပြီး (၁၅)ရက်၌ ပြုလုပ်မည့် မိတ်ဆုံညစာစားပွဲတွင် ပါဝင် ဆင်နွှဲကြမည်ဖြစ်သည်။

ဒီဇင်ဘာလ(၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ကျိုင်းတုံနှင့် မိုင်းလားမြို့များသို့ ဆက်လက်သွားရောက် ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၈)ရက်နေ့ ညနေတွင် တာချီလိတ်မြို့ပြန်ရောက်ပြီးနောက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ကြမည်ဖြစ်သည်။

 တာချီလိတ်မြို့နေ ဒေသခံများနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ညစာစား ပွဲလက်မှတ်များကို EASTERN EAGLE MC မှ ရောင်းချပေးသွားမည်ဖြစ်သည်။ ညစာစားပွဲ လက်မှတ် ၀ယ်ယူသူများသည် နိုင်ငံတကာမှ တက်ရောက်လာသော ဧည့်သည်ဆိုင်ကယ်စီးသမားများအား ကျွေးမွေးသည့် ညစာစားပွဲသို့ တက်ရောက်ပြီး ညစာသုံးဆောင်ရင်း ဆိုင်ကယ်ရွေးချယ်ပွဲများ၊ မိတ်ဆက်ပွဲများ၊ ဇော်ဝင်းထွဋ်၊ သျှီ နှင့် အင်ပါယာတေးဂီတ အဖွဲ့၏ သီဆိုဖျော်ဖြေမှုများ၊ CARABAO ကရာဘောင်း တေးဂီတ အဖွဲ့၏ သီဆိုဖျော်ဖြေမှုများ ကို ကြည့်ရှုနားဆင် နိုင်ကြမည်ဖြစ်သည်။

ညစာစားပွဲ မစတင်မီတွင်လည်း ပွဲခင်းထဲတွင် ပြသထားသော နိုင်ငံတကာမှ စီးနင်းလာကြသည့် ဆိုင်ကယ်အမျိုးမျိုး၊ ဆိုင်ကယ်ပြခန်းများ၊ ဆိုင်ကယ်စီးသမား အသုံးအဆောင်ပစ္စည်း ဆိုင်များ၊ ဆိုင်ကယ်အလှဆင် ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်ကလပ် အသီးသီး၏ ပြခန်းနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အင်ဒီးယန်းကျေးရွာနှင့် ရက်ဒ် အင်ဒီးယန်းများ၊ ပွဲအားကူညီပံ့ပိုးပေးသော SINGHA BEER ကော်ပိုရေးရှင်း၊ (SUNTANA)စန်ထာန သစ်သီးဖျော်ရည်၊ (CEPSA) ဆက်(ပ်)စာ အင်ဂျင်ဝိုင်၊ တော်ဝင်မြန်မာကုမ္ပဏီ၊ ဟိုတယ်တာချီလိတ်၊ ထူးနေခြည် ကုမ္ပဏီ၊ စိန်လားဟူကုမ္ပဏီ၊ EASTERN EAGLE MYANMAR ခရီးသွားလာရေးကုမ္ပဏီ တို့၏ အရောင်းပြခန်းများကို လေ့လာကြည့်ရှု နိုင်မည်ဖြစ်သည်။

ညစာစားပွဲလက်မှတ်ကို ၀ိုင်း(၁)၀ိုင်းလျှင် လူ(၈)ဦးသတ်မှတ်ထားပြီး စားသောက်ဖွယ်ရာ (၈)မျိုးနှင့် သတ်မှတ်ဝိုင်းနေရာ ရရှိမည်ဖြစ်သည်။

ညစာစားပွဲတွင် မပါဝင်ပဲ ဇော်ဝင်းထွဋ်၊ သျှီ နှင့် ကရာဘောင်းတို့၏ သီဆိုဖျော်ဖြေမှုကို ခံစားနားဆင် လိုသူများအတွက်လည်း ၀င်ခွင့်လက်မှတ်များ ရောင်းချပေးသွားမည်ဖြစ်သည်။

( ပွဲခင်းပုံစံ )

ညစာစားပွဲလက်မှတ်နှင့် ၀င်ခွင့်လက်မှတ်များကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်ရာ ဦးရာလူ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

လက်မှတ်ဝယ်ယူရန်

  • ထိုင်းဖုန်း -094-839-8980 နှင့် မြန်မာဖုန်း -09-254-966-546 သို့ဆက်သွယ်နိုင်ပြီး၊ 
  • EASTERN EAGLE MC CLUB HOUSE, 
  • NO.53 သဇင်လမ်း၊ တာလော့ရပ်၊ တံတား(၁) အ၀ိုင်းအနီးတွင် လည်း ၀ယ်ယူရရှိနိုင်ပြီး၊ 
  • EASTERN EAGLE အဖွဲ့ဝင်များထံမှလည်း ၀ယ်ယူရရှိနိုင်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။

သိသင့်သည့် ဆက်စပ်သတင်းများ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~