တာချီလိတ်မြို့၏ ပထမဆုံးအနေအဖြစ် မြို့မဈေးအပြင်တန်း(၈၆)နေရာ ဈေးသူဈေးသားများအဖွဲ့မှ သတင်းစာရှင်းလင်းပွဲ တာချီလိတ် NLD ရုံး၌ ကျင်းပမည်

တာချီလိတ်မြို့၏ ပထမဆုံးအနေအဖြစ် မြို့မဈေးအပြင်တန်း(၈၆)နေရာ ဈေးသူဈေးသားများအဖွဲ့မှ သတင်းစာရှင်းလင်းပွဲ တာချီလိတ် NLD ရုံး၌ ကျင်းပမည်
စက်တင်ဘာ 28, 2014
By Tachileik News Agency

တာချီလိတ်မြို့မဈေး (၀မ်ကောင်းဈေး) တည်ဆောက်ရာတွင် သက်တမ်း(၁၅)နှစ် အထက်ရှိ ဈေးအပြင်တန်း (ပျံကျ) (၈၆)နေရာ ပြန်လည်ရရှိရေးကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့၏ ပထမဆုံး အနေဖြင့် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုအဖြစ် သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်(၁၀)နာရီမှ မွန်းလွဲ(၁)နာရီအချိန်ထိ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အထောက်ကူအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဈေးသူဈေးသားများအား ဖိတ်ကြား၍ မြို့မဈေးအပြင်တန်း(၈၆)နေရာ ဈေးသူဈေးသားများအဖွဲ့မှ ဦးဆောင်ကာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

မြို့မဈေးအပြင်တန်း(၈၆)နေရာ ဈေးသူဈေးသားများအဖွဲ့မှ သတင်းစာရှင်းလင်းပွဲအား ကျင်းပနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံ တရားဝင် စာတင်ထားရှိပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းအတွက် ခွင့်ပြုမိန့် အမှတ်စဉ် ၂/၂၀၁၄ ဖြင့် ခွင့်ပြုချက်ရရှိပြီးနောက် သတင်းစာရှင်းလင်းပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ခွင့်ပြုမိန့်တွင် (၁) (၈၆)ခန်းနေရာကိစ္စ ပြေလည်မှုရရှိသည် အထိ ဈေးဆောက်လုပ်မှု ယာယီဆိုင်းငံ့ထားရန်၊ (၂) ကိုယ်ကျိုးရှာ ဈေးကော်မတီများ ချက်ချင်းအရေးယူပေးရန်၊ (၃) မိမိတို့ တောင်းဆိုသည့်အတိုင်း (၈၆)ခန်းနေရာ ချထားပေးရေး၊ (၄) အထက်ဌာနတာဝန်ရှိသူ အကြီးအကဲများမှ ၀မ်ကောင်းဈေးသစ်ဆောက်လုပ်မှု လုပ်ငန်းတစ်ခုလုံးကို စုံစမ်းစစ်ဆေးပေးရန် စသည့် ကြွေးကြော်သံများကို ခွင့်ပြုပေးထားကြောင်း သိရသည်။

ဈေးအပြင်တန်း (ပျံကျ) (၈၆)နေရာ ပြန်လည်ရရှိရေးကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အဓိက ဟောပြောမည့်သူများမှာ ဦးလှခင်၊ ဦးဇင်ဦး၊ ဦးမြင့်အောင်၊ ဦးခင်မောင်ဦး၊ ဦးသန်းမောင်၊ ဒေါ်သောင်းမလေး နှင့် ဦးမြင့်စိုးတို့ ဖြစ်ပြီး ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများကိုလည်း တက်ရောက်၍ သတင်းယူနိုင်ရန်အတွက် ဖိတ်ကြားထားကြောင်း သိရသည်။

( ဖိတ်ကြားထားသည့် စာရင်း )

သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ် မေးမြန်းနိုင်မှာဖြစ်ကြောင်းလည်း သိရှိရသည်။

ဦးလှခင်
မြန်မာဖုန်း။  ။ 094-21099519
ထိုင်းဖုန်း။  ။ 094-8243848
ကိုတင့်ဇော်
မြန်မာဖုန်း။  ။ 095-240710
ဦးမြင့်ဦး
မြန်မာဖုန်း။  ။ 09-36107625
ထိုင်းဖုန်း။  ။ 0992909721

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~