တာချီလိတ်မြို့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင် နှင့် ရေဘေးကယ်ဆယ်ရေးကော်မတီမှ လှူဒါန်းသည့် ပစ္စည်းများအား စတုတ္တအကြိမ်အဖြစ် ပုန်းထွန်ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူ (၁၅၂၁)ဦးအား ထောက်ပံ့

တာချီလိတ်မြို့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင် နှင့် ရေဘေးကယ်ဆယ်ရေးကော်မတီမှ လှူဒါန်းသည့် ပစ္စည်းများအား စတုတ္တအကြိမ်အဖြစ် ပုန်းထွန်ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူ (၁၅၂၁)ဦးအား ထောက်ပံ့
စက်တင်ဘာ 28, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်လျက်ရှိပြီး လူမှုရေး၊ စီးပွားရေး စသည့်ဖြင့် စေတနာထက်သန်စွာ ရုန်းကန်လှုပ်ရှားနေလျက်ရှိကြရာ ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုနှင့် အတူ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုဒဏ်ကို တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ခံစားခဲ့ရပြီး အဆိုးရွားဆုံး အနေဖြင့် ပုန်းထွန်ရပ်ကွက်မှ လူဦးရေ ( ၁၅၂၁ )ဦးမှာ ရေဘေးသင့်ခဲ့ရသည့်အတွက် ယနေ့ စက်တင်ဘာလ (၂၈)ရက်နေ့အထိ စားနပ်ရိက္ခာအဖြစ် တာချီလိတ်မြို့ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း လက်ဖက်ရည်ဆိုင်တို့မှ လှူဒါန်းလာသော ပစ္စည်းများအား ပုန်းထွန်ရပ်ကွက်တွင် ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

စက်တင်ဘာလ(၂၆)ရက်နေ့က မနန်းဟွမ်မွန်း၊ မနန်းရွေးရွေး နှင့် မနိုနို (ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း လက်ဖက်ရည်ဆိုင် )မိသားစုမှ ကျပ်(၁၀)သိန်းခန့် တန်ဖိုးရှိသည့် ပေါ်ဆန်းမွှေးဆန်၊ ဆီ၊ အအေးအစုံ အပြင် ၀မ်ကောင်းဈေးရှိ ကိုမောင်မောင်ထွန်း + မအေးပြုံး ( ပုသိမ် ဆန်ဆိုင် )မိသားစုတို့မှ ဆန်(၇)အိတ် စသည်တို့ကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လှူဒါန်းလာခဲ့ပြီး အဆိုပါ ပစ္စည်းများထဲမှ တာလေရေဘေး နှင့် ယခု ပုန်းထွန်ရပ်ကွက်တို့တွင် ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။

ယနေ့ ပုန်းထွန်ရပ်ကွက်တွင် ရေဘေးသင့်ပြည်သူ (၁၅၂၁)ဦးအတွက် တစ်အိမ်ထောင်စုလျှင် ဆန်(၁)ပြည်၊ ဆီတစ်ကီလိုနှင့် ရေသန့်(၁)ဆွဲစီကို ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ် နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ စနစ်တကျပေးအပ်ရာ ပုန်းထွန်ရပ်ကွက်တွင် ရေဘေးသင့် အိမ်ခြေမှာ (၃၂၅)အိမ်ရှိပြီး အိမ်ထောင်စုအနေဖြင့် (၅၂၇)စု ရှိကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား စားနပ်ရိက္ခာများ ပေးအပ်ထောက်ပံ့ရာ တဆက်တည်းမှာပင် ရေကြီးရေလျှံဖြစ်ပေါ်သည့်အခါ၌ အသုံးပြုနိုင်ရန်အတွက် ထိုင်းဘတ်ငွေ (၁၃၀၀၀)တန်ဖိုးရှိသည့် ရေစုပ်/ရေဖျန်းစက်(ပိုက်အစုံအလင်ပါသည့်စက်)အား ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်များဖြစ်သည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့မှ ထောက်ပံ့ပေးအပ်ရာ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်နှင့် အဖွဲ့မှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူကြသည်။

ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်များဖြစ်သည့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့သည် တာချီလိတ်မြို့ပေါ်တွင် ရေ၀င်ရောက်မှုကြောင့် ရေစုပ်ထုတ်ရန်အတွက် အသုံးပြုရန်အပြင် မိုးကာလကို ကျော်လွန်ပြီး အခြားရာသီများတွင်လည်း မီးဘေးအန္တရာယ်များ စသည့် ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် ဘတ်(၁၃၀၀၀)တန်ဖိုးရှိ  ရေစုပ်/ရေဖျန်းစက် တစ်လုံးစီကို ပုန်းထွန်ရပ်ကွက် အပါအ၀င်၊ ရန်အောင်မြေရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက် စုစုပေါင်း ရပ်ကွက် (၅)ရပ်ကွက်တို့တွင် ပေးအပ် လှူဒါန်းသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့မှုတွင် ရေဘေးသင့် ပြည်သူများနှင့် ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်များမှ ရင်းနှီးပျူငှာစွာ အပြန်အလှန် ပြောဆိုရာမှာ ရေဘေးသင့်ပြည်သူများက ပုန်းထွန်ရပ်ကွက်အတွင်း၌ ရေများအကျလွယ်မှု ခက်ခဲသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၁) ချစ်ကြည်ရေးတံတား အောက်တွင် တာလော့ရပ်ကွက်ဘက်မှ ကာရံထားသော အုတ်တံတိုင်းကြောင့် ရေများမှာ အဟန့်အတားဖြစ်နေသည့် အတွက် ရေများအလွယ်တကူ မကျလွယ်ဘဲ၊ ပုန်းထွန်ရပ်ကွက်အတွင်း နစ်မြုပ်မှုများ များလာသည့်အတွက် ဖျက်ချပေးနိုင်လျင် အဆင်ပြေနိုင်ကြောင်း ပြောဆို တင်ပြလာကြရာ  ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်ဖြစ်သည့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးက အဆိုပါနေရာအား ရေစီးရေလာအတွက် သင့်တော်အောင် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။

ပုံများကိုကြည့်ရန်
စတုတ္တအကြိမ်အဖြစ် ပုန်းထွန်ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူ (၁၅၂၁)ဦး...

33 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~