တာချီလိတ်၌ ကျင်းပသည့် ၂၀၁၄ခုနှစ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ပြီးမြောက်

တာချီလိတ်၌ ကျင်းပသည့် ၂၀၁၄ခုနှစ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ပြီးမြောက်
စက်တင်ဘာ 16, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်၏ ဒုတိယအကြိမ်မြောက် အဖြစ် ၂၀၁၄ခုနှစ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို သြဂုတ်လ(၂၄)ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ယနေ့ စက်တင်ဘာလ(၁၆)ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အ.ထ.က(မိုင်းကိုး) နှင့် အ.ထ.က(တာလေ)၊ အမျိုးသား ဘောလုံးအသင်းအနေဖြင့် အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(တာလေ)တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသမီးဘောလုံးအသင်းများထဲမှ ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အ.ထ.က(မိုင်းကိုး) နှင့် အ.ထ.က(တာလေ)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြရာ အ.ထ.က(မိုင်းကိုး)မှ အ.ထ.က(တာလေ)အား ၁ - ၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့ကြသည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲပြီးသည့်နောက်မှာ အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား ဆက်လက် ကျင်းပရာ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(တာလေ)တို့ ဗိုလ်စွဲနိုင်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရာမှာ အ.ထ.က(တာချီလိတ်) မှ အ.ထ.က(တာလေ)အား ၂ - ၁ ဂိုးဖြင့် ဗိုလ်စွဲသွားခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ယခုလိုပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်းမှ ပါဝင် အင်အားဖြည့်​ ထောက်ပံ့၍ လှူဒါန်းကြသော အလှူရှင်များအား မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ မှ ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပထမ၊ ဒုတိယ ရရှိသည့် အမျိုးသားဘောလုံးအသင်း (၂)သင်းအား တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆုများရရှိသည့် အမျိုးသား/အမျိုးသမီး ဘောလုံးအသင်း(၄)သင်းထဲမှ အမျိုးသမီး ဘောလုံးအသင်း (၂)သင်းအား တာချီိလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်၊ တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် မဇ္ဈိမလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာရေးကျောင်းများဖြစ်သည့် အ.ထ.က(တာချီလိတ်)၊ အ.ထ.က (ဆန်ဆိုင်း)၊ အ.ထ.က (ဟောင်လိတ်)၊ အ.ထ.က (မိုင်းကိုး)၊ အ.ထ.က (တာလေ)၊ အ.ထ.က (ရွှေမဟာ ကိုယ်ပိုင် အထက်တန်းကျောင်း)၊ အ.လ.က (ပုန်းထွန်)၊ အ.လ.က (ရန်အောင်မြေ)၊ အ.လ.က(ရေပူစမ်း)၊ အ.လ.က (၀မ်တုံ)၊ အ.လ.က (မယ်ဟုတ်)၊ အ.လ.က (နားအွန်) စသည်တို့မှ ၀င်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲတွင် ကျောင်းသား အသင်း (၁၂)သင်း နှင့် ကျောင်းသူအသင်း (၈)သင်း စုစုပေါင်း အသင်း (၂၀)သင်း ရှိကြောင်း သိရသည်။

သတင်း  ။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ အ.ထ.က(မိုင်းကိုး)....

78 photos

ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အ.ထ.က(တာချီလိတ်)မှ....

102 photos

တာချီလိတ်မြို့ ကျောင်းပေါင်းစုံ အမျိုးသား/သမီး ဘောလုံးပြိုင်ပွဲ..

57 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~