ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေးသင့်ရပ်ကွက်အတွင်း ရွှံ့နွံများ ရှင်းလင်း

ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေးသင့်ရပ်ကွက်အတွင်း ရွှံ့နွံများ ရှင်းလင်း
စက်တင်ဘာ 20, 2014
By Tachileik News Agency

တာချီလိတ်တွင် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်မြောက် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုအဖြစ် စက်တင်ဘာလ(၁၈)ရက်နေ့က ဖြစ်ပွားခဲ့ရာ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းနှင့် အနီးစပ်ဆုံး ရပ်ကွက်များအနက် တာလော့ရပ်ကွက် နှင့် ပုန်းထွန်ရပ်ကွက်တို့တွင် ရေနစ်မြှုပ်မှုဖြစ်ပွားပြီး ရေများကျဆင်းသွားသော်လည်း ရွှံ့နွံများ နှင့် အမှိုက်များ ကျန်ရှိနေခဲ့သည့်အတွက် ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမိသားစုဝင်များက နှစ်(၅၀)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တာလော့ရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း ဦးဆောင်သည့်  ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦး နှင့် တာချီလိတ် ခရိုင်/မြို့နယ် အတွင်းရှိ ရဲအရာရှိများ၊ အခြားအဆင့် တပ်ဖွဲ့ဝင်များ နှင့် ရဲမိသားစုဝင်များ အပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း (၁၅၂)ဦးတို့မှ တက်ကြွစွာဖြင့် ရွှံ့နွံများ၊ အမှိုက်များအား ရှင်းလင်းနေကြသည်ကို တွေ့ရှိရသည်။

တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ တင်ကျန်နေခဲ့သော ရွှံ့နွံနှင့်အမှိုက်များအား ရှင်းလင်းဖယ်ရှားရာတွင် ရှင်းလင်းပြီးသော ရွှံ့နွံထုပ်များ၊ အမှိုက်ထုပ်များအား စွန့်ပစ်နိုင်ရန်အတွက် ရှမ်း(ရှေ့)သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သည့် အဖွဲ့မှလည်း ပါဝင်ကူညီဆောင်ရွက်ပေးတာကိုလည်း တွေ့ရှိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်းသည် တာလော့ရပ်ကွက်အတွင်း လှည့်လည်ပြီး ရေစီးရေလာကောင်းမွန်ရေးကို ပိတ်ဆို့ ဟန့်တားသဖွယ်ဖြစ်နေသည့် ရေမြောင်းအခြေအနေနှင့် ရပ်ကွက်အတွင်း တင်ကျန်နေသော ရွှံ့နွံများကို ပူးပေါင်းဆောင်ရွက် ရှင်းလင်းနိုင်ရန်အတွက် လိုက်လံကြည့်ရှုသည်။

၂၀၁၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော နှစ်(၅၀)မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ယခုလို တာချီလိတ် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များက စုပေါင်း ဆောင်ရွက်နေကြတာ ဖြစ်ပြီး ပြီးခဲ့သော ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း ဒေသအုပ်ချုပ်ရေး ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ရေဘေးသင့်ရပ်ကွက်.....

81 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~