ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ စာသင်ကျောင်းအနီး လက်လုပ်ဗုံးကွဲ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ စာသင်ကျောင်းအနီး လက်လုပ်ဗုံးကွဲ
သြဂုတ် 20, 2014
By Tachileik News Agency

မြန်မာနိုင်ငံ တာချီလိတ်မြို့ နှင့် အနီးစပ်ဆုံးဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ၀ိန်းဖန်းခမ်းရပ်ကွက်ရှိ စာသင်ကျောင်း အနောက်ဘက်တွင် ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၀)ရက် မြန်မာစံတော်ချိန် ညနေ(၄)နာရီအချိန်ခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် မကွဲသေးသော ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအား ပိတ်ထားပြီး ထိုင်းရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

Photo: HooliganMars

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~