ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလုပ်ငန်းမှ ဂျပန်နိုင်ငံ အလည်အပတ်ခရီးစဉ် နှင့် တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွက် ကြိုတင်လက်မှတ်များ ရောင်းချပေးနေပြီ

ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလုပ်ငန်းမှ ဂျပန်နိုင်ငံ အလည်အပတ်ခရီးစဉ် နှင့် တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွက် ကြိုတင်လက်မှတ်များ ရောင်းချပေးနေပြီ
စက်တင်ဘာ 25, 2014
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့ နှင့် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ပြည်ပနိုင်ငံများသို့ အလည်အပတ် ခရီးစဉ်များဖြင့် ဈေးနှုန်းသက်သာစွာနှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ်ခရီးစဉ်များအဖြစ် ဖန်တီးကာ ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့် ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလုပ်ငန်း ( Sawadee Holiday Travels & Tours Co., Ltd. )မှ ၂၀.၁၁.၂၀၁၄ ရက်တွင် သွားရောက်မည့် တရုတ်နိုင်ငံ အလည်အပတ် (၁၀)ရက် ခရီးစဉ် နှင့် ၁၃.၁၂.၂၀၁၄ရက်တွင် သွားရောက်မည့် ဂျပန်နိုင်ငံ အလည်အပတ် (၉)ရက် ခရီးစဉ် စသည့် ခရီးစဉ်နှစ်မျိုးအတွက် မိမိတို့သွားလိုသည့် ခရီးစဉ်အား ရွေးချယ်၍ လက်မှတ်များကို ကြိုတင် ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလုပ်ငန်းမှ လိုက်ပါပို့ဆောင်မည်ဖြစ်သော ၁၃.၁၂.၂၀၁၄ရက်တွင် သွားရောက်မည့် ဂျပန်နိုင်ငံ အလည်အပတ် (၉)ရက် ခရီးစဉ်နှင့် ပတ်သက်၍ ကြိုတင်စာရင်းပေး၍ လက်မှတ်ဝယ်ယူမှုကို  ၁.၈.၂၀၁၄ ရက် မှ  ၁၅.၁၁.၂၀၁၄ အတွင်း တစ်ဦးလျှင် ဒေါ်လာ(၃၃၅၀) ကုန်ကျမှာဖြစ်ကြောင်း သိရသည်။

ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလုပ်ငန်းမှ တရုတ်နိုင်ငံ ကူမင် - ပီကင်း - စူးကျိုး -ဟန်ကျိုး - ရှန်ဟိုင်း - ဝူစည်  ခရီးစဉ် အတွက် ကြိုတင် စာရင်းပေး လက်မှတ်ရောင်းချမှုကို သြဂုတ်လ(၂၀)ရက်နေ့မှ စတင်၍ လက်ခံနေပြီဖြစ်ပြီး ခရီးစဉ်တွင် ဝန်ဆောင်ခ နှုန်းထားအနေဖြင့် တစ်ဦးလျှင် ကျပ်(၂၂)သိန်း သတ်မှတ်ထားကြောင်း နှင့် အဆိုပါ ခရီးစဉ်အား ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ရန်ကုန်မြို့မှ တဆင့် ထွက်ခွာမှာဖြစ်ပြီး ခရီးစဉ်အား (၁၀)ရက် သတ်မှတ်ထားကြောင်း သိရသည်။

ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလုပ်ငန်း ( Sawadee Holiday Travels & Tours Co., Ltd. )မှ အလည်အပတ်သွားလိုသူ ခရီးသွား မြန်မာနိုင်ငံသားများ၊ တာချီလိတ်မှ ဒေသခံများအား ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီးစဉ်အဖြစ် (၂)ကြိမ်တိတိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ (၁)ကြိမ် ပို့ဆောင်ပေးခဲ့ပြီးကြောင်း သိရသည်။

ခရီးစဉ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါ ဆက်သွယ်ရန်လိပ်စာ နှင့် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

Sawadee Holiday Travels & Tours Co., Ltd.
No. (96), Ground Floor, Aung Mingalar Road, 
Kyauk Myaung Ward, Tamwe Tsp., Yangon, Myanmar
No. (3/2), Bo Gyoke Aung San Road, Wan Kaung Ward, Tachileik, Myanmar
Tel : Myanmar (+95)84-51779, (+95)9-36107266, 
Thai(+66)91-6277907, (+66)91-1400006 
Fax : (+95)84-51779
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~