မိုင်းဆတ်ခရိုင် မယ်ကြုတ်၌ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မိုင်းဆတ်ခရိုင် မယ်ကြုတ်၌ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ
သြဂုတ် 18, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်နယ်မြေတွင်း၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ၂၀၁၄ခုနှစ် သြဂုတ်လ(၁၇)ရက် ညနေ(၅း၁၅)နာရီအချိန်က အမှတ်(၅၂၇) ခြေမြန်တပ်ရင်း နှင့် မူးယစ်တပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းဆတ်ခရိုင် အတွင်း ပူနားကိုကျေးရွာ နှင့် မယ်ကြုတ်ကျေးရွာ အနီးအနားဝန်းကျင်ရှိ နေရာများတွင် အထူးစီမံချက် တစ်ရပ်အနေဖြင့် တပ်မတော် နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းကာ နယ်မြေရှင်းလင်းမှုများကို ဇူလိုင်လ နောက်ဆုံးအပတ်မှ စ၍ စတင်လှုပ်ရှားလာကြရာ သြဂုတ်လ (၁၇)ရက် ညနေပိုင်းက မယ်ကြုတ်ရွာအနီး လျှိုအတွင်း အဆိုပါ အဖွဲ့မှ နယ်မြေရှင်းလင်းစဉ် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုး (၃၅)လုံး၊ အီသိုင်းအီသာ ဆေးရည် (၃၁.၈၂၂)လီတာ၊ (၅)ဂါလံဆံ့ ပလပ်စတစ်ပုံး (၅)ပုံး၊ ဂတ်အိုး သံပိုက်ကြိုး (၃)ခွေ၊ ပလပ်စတစ်ကပ်ခွာအိတ် (၁၂၀၀၀)အိတ်တို့အား ရှာဖွေသိမ်းဆည်း ရမိသည့်အတွက် အဆိုပါ ပစ္စည်းများကို ပိုင်ရှင်မဲ့ပစ္စည်းများအဖြစ် သြဂုတ်လ(၁၈)ရက်နေ့က မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ) ၁၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~