တာချီလိတ်ခရိုင် ပညာရေးကော်မတီမှ ကျောက်လိုဏ်ဂူ ဘ/က ကျောင်းရှိ ကလေးသူငယ်များအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့

တာချီလိတ်ခရိုင် ပညာရေးကော်မတီမှ ကျောက်လိုဏ်ဂူ ဘ/က ကျောင်းရှိ ကလေးသူငယ်များအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့
သြဂုတ် 20, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မရှိနွမ်းပါး နှင့် မိဘမဲ့ ကလေးသူငယ်များအတွက် တာချီလိတ်ခရိုင် ပညာရေးကော်မတီ၏ အစီအစဉ်ဖြင့် ပညာရေးထောက်ပံ့မှုအား ဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများနှင့်အတူ ပညာရေးထောက်ပံ့မှုများအဖြစ် လှူဒါန်းလာခဲ့ရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၀)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသုံး ပစ္စည်းများကို ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

တာချီလိတ်ခရိုင် ပညာရေးကော်မတီ၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်ရာတွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ ပါဝင်ပြီး ကော်မတီဝင်များဖြစ်သည့် ဦးစဝ်စိုးလင်း၊ ဦးအောင်ဖြိုးရှိန် နှင့် ဒေါ်စိုးဥမ္မာတို့ ပါဝင်သည့် အဖွဲ့မှ ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှ ဆရာတော်ထံ ကျောင်းသုံးပစ္စည်းများ တဆင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မရှိနွမ်းပါးနှင့် မိဘမဲ့ ကလေးသူငယ် စုစုပေါင်း (၃၆)ဦးအတွက် ဆန် (၅)အိတ်၊ ဆီ(၂)ပုံး၊ ငါးသေတ္တာ (၂)ဖာ၊ ဆေးဝါးများ အပါအဝင် ကျောင်းသုံးပစ္စည်းများအဖြစ် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၅၀)၊ ထီး (၃၆)ချောင်း၊ ကျောပိုးအိတ် (၃၆)လုံး နှင့် ကျပ်ငွေ (၁၄၀၀၀၀)တို့ကို ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍  ကျောက်လိုဏ်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် သွပ်အချပ် (၇၀)စာအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ + ဒေါ်ဝင်းဝင်းသန့် မိသားစုမှ အချပ်(၃၀)၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း + ဒေါ်အေးသန္တာကျော် မိသားစုမှ အချပ်(၂၀)၊ ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ မိသားစုမှ (၁၀)ချပ် နှင့် သူရိယသင်္ကန်းတိုက်မှ (၁၀)ချပ်တို့ကို စာရင်းပေး လှူဒါန်းထားပြီး ယဉ်တုံး အိမ်ဆောက်ပစ္စည်းဆိုင်မှ ကိုဇင်မင်းထွန်း (ခ) ကိုအန်းကူးမှ ဘိလပ်မြေ အိတ်(၃၀)ကို စာရင်းပေးသွင်း၍ လှူဒါန်းထားရှိပြီးဖြစ်ရာ ဆက်လက်၍ လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့ သူရိယသင်္ကန်းတိုက်တွင် အဆိုပါ ကျောင်းအတွက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်

14 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~