မိုးမရွာပဲ တောင်ကျရေကြောင့် တာချီလိတ်၌ ရေကြီး

မိုးမရွာပဲ တောင်ကျရေကြောင့် တာချီလိတ်၌ ရေကြီး
ဇူလိုင် 27, 2014
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်ပြီး ထိုင်း နှင့် မြန်မာ နှစ်နိုင်ငံအကြား နယ်စည်းအဖြစ် မယ်ဆိုင်ချောင်းမှ ခြားထားသည်ဖြစ်ရာ အဆိုပါ ချောင်းအတွင်း တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့၌ မိုးကြီးစွာ ရွာသွန်းသည်ဖြစ်စေ၊ မရွာသည်ဖြစ်စေ တောင်ကျရေကြောင့် ရေကြီးရေလျှံမှုများ နှစ်စဉ်လိုလို ဖြစ်ပေါ်လေ့ရှိရာ ယနေ့ ဇူလိုင်လ(၂၇)ရက် မွန်းလွဲ (၁)နာရီဝန်းကျင်က တာချီလိတ်မြို့ ပုန်းထွန် ရပ်ကွက်နှင့် တာလော့ရပ်ကွက်ရှိ ရွှေနန်းတော်ကုန်တိုက် နေရာမှ တဆင့် ရေကြီးလာမှုများ ဖြစ်ပေါ်နေတာကို တွေ့ရှိရသည်။

( ရုပ်သံ )

ထိုသို့ ရေကြီးလာမှုကြောင့် ရွှေနန်းတော်ကုန်တိုက်အတွင်း အနိမ့်ပိုင်းတွင် ရပ်တန့်ထားသော ကားများမှာ ထက်ဝက်ကျော် ရေများ နစ်မြုပ်နေတာကို တွေ့ရှိရပြီး ထိုသို့ မိုးမရွာပဲ တောင်ကျရေကြောင့် ရုတ်တရက် ရေတက်လာသည့်အတွက် တာလော့ဈေးအတွင်းရှိ အချို့သော ဈေးသည်များမှာ ဆိုင်များသိမ်းနေကြတာကိုလည်း တွေ့ရှိရသည်။

"တာချီလိတ်မှာ ဒီလို ရုတ်တရက်ရေကြီးတာကတော့ နှစ်စဉ်လိုလိုပါပဲ၊ သိပ်မထူးဆန်းပေမဲ့ ကျွန်တော်တို့လို တာလော့ထဲက ဈေးသည်တွေအတွက် အခက်တွေ့တာပေါ့ဗျာ"ဟု တာလော့ဈေးသည်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

တောင်ကျရေများကြောင့် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် တာချီလိတ်မြို့ အနိမ့်ပိုင်းနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အနိမ့်ပိုင်းတို့တွင် ရေများဝင်ရောက်နေတာကိုလည်း တွေ့ရှိရသည်။

ယခုလို ရေတက်လာတာမျိုးသည် မိုးတွင်းအချိန်ကျရောက်သည့်အခါတိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ရေများ တက်လာပြီးနောက် ကျလွယ်သွားကြောင်းလည်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
30 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~