ညအချိန်ကြီး လူမှုရေးစိတ် အပြည့်ရှိတဲ့ မိန်းကလေးတစ်ဦးရဲ့ အကူအညီကို ရရှိခဲ့ခြင်း

ညအချိန်ကြီး လူမှုရေးစိတ် အပြည့်ရှိတဲ့ မိန်းကလေးတစ်ဦးရဲ့ အကူအညီကို ရရှိခဲ့ခြင်း
ဇူလိုင် 31, 2014
By Tachileik News Agency
ကျွန်တော် ဦးတင့်ဆွေ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် (တစ်လတိတိပြည့်မှတင်ဖြစ်သည်)

အတိုက်ခံရ ပြန်ပြီဗျာ၊
ဒီတစ်ခါတော့ ကျွန်တော့်အလှည့်ပါ။
၂၀၁၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ကိုတော့ ဘယ်တော့မှမေ့ရမှာ မဟုတ်တော့ပါ။
ထိုနေ့မှာတော့ မဇ္ဈိမလူမှုကူညီရေး အသင်းသူအသင်းသားတွေအတွက် တကယ်ကို
အလုပ်တွေများတဲ့နေ့ပါ၊

ကျွန်တော်လည်း တစ်နေ့တာ လုပ်ဆောင်မှုတွေပြီးလို့ ရုံးခန်းကို ပြန်ရောက်တော့ ည(၉)နာရီကျော်နေပါပြီ။ အသင်း website မှာ သတင်းပြန်တင်ရန်ဓါတ်ပုံတွေ ပြန်စစ်ဆေးရင်း
မနက်ဖြန်တွင်ပြုလုပ်မည့် ဧဒင်ရွာ၊ ရွာလယ်ကျောင်း ဆရာတော်၏ အန္တိမဈာပနကိစ္စ
အတွက် သတင်းအကျဉ်းလေး တင်လိုက်တယ်၊

၁-၇-၂၀၁၄ရက်နေ့ ညနေတွင် သေဆုံးသွားတဲ့ ဦးဘခင်(ခ)ဦးဘိုခင် သတင်းကိုလည်း
အတိုလောက်ပဲ တင်လိုက်ပါတယ်၊ ဦးဘခင်သတင်းတင်ပြီး စိတ်ထဲတစ်မျိုးပဲဗျာ
စိတ်လည်းမကောင်းဘူး အချိန်ကလည်း ည(၁၁)နာရီကျော်နေပါပြီ၊ ရေချိုးဘုရားရှိခိုးပြီး အိပ်မယ်လို့ စိတ်ကူးမိပေမယ့် မအိပ်ဖြစ်ပါဘူး။ သတင်းတွေ တင်စရာရှိနေတော့ စိတ်ကမဖြောင့်ပါ၊ကျန်နေတဲ့ သတင်းတွေရေးမယ်ဆိုပြီး ရုံးခန်းထဲဝင်လာမိတယ်။

ကျွန်တော့် တူတွေလည်း အကုန်အိပ်ကုန်ကြပါပြီ၊ ကွန်ပျူတာရှေ့ရောက်တော့ စိတ်ထဲမှာ တစ်မျိုးပဲဗျာ နာရီကြည့်လိုက်တော့ ည (၁၂)နာရီကျော်နေပြီ အမှတ်(၁)တံတားထိပ်မှာ တစ်ခုခုသွားထိုင်စားမယ်
ပြီးရင် သတင်းတင်စရာတွေ အပြီးတင်မယ်၊ မိုးလင်းရင်လည်း လင်းပါစေတော့ဆိုတဲ့ အတွေးနဲ့ ကားမောင်းထွက်လာလိုက်ပါတယ်၊

(၅)လမ်းမရောက်ခင် လမ်းအကွေ့အကျော် ရောက်ချိန်(၅)လမ်းကြားမှ ထွက်လာနေသည့် ဆိုင်ကယ်ကို လမ်းပေးလိုက်ပြီးအရှိန်လျှော့ပေးကာ လမ်းဘေးလေးမှ ဖြေးဖြေးမောင်းပေးနေချိန်နောက်မှ( ကျွိ - ကျွိ . . -ကျွိ ဒုန်း - - )ဆိုသော အသံကြားလိုက်ရပြီး ကျွန်တော့်ကားကို နောက်မှ တည့်တည့်ဝင် တိုက်လိုက်ပါပြီ၊
ကျွန်တော်လည်း ထိုင်ခုံမှမြှောက်တက်သွားပြီး(Steering) ကြားကို လျှောကျသွားတယ်။

ကားကတော့ အရှိန်နှင့်လိမ့်နေတုန်း လမ်းဘေး ပလက်ဖောင်းဘက်ဆွဲသွားနေတာ သိလိုက်ရလို့ ကား(Steering)ကို ပြန်ထိန်းလိုက်နိုင်ပေမဲ့ ကားကတော့မရပ်သေး ဆက်သွားနေတုန်းပါပဲ၊ (ဆမ်လောဝ် ကားဂိတ်)နားအထိ စက်နိုးလျှက်အရှိန်နှင့် ဆက်လိမ့်သွားနေတာပါ၊ ကားရှေ့တစ်လျှောက် ဆိုင်ကယ်တွေ လူတွေမရှိတာ ကံကောင်းတယ်ဗျာ၊ ကျွန်တော်လည်း ခြေထောက်မှ(Brake) ဘရိတ်မနင်းမိ(Lever)လီဗာလည်းမနင်းမိပါ အသိဝင်၍(Brake)ဘရိတ်နှင့်(Lever )ကို စမ်းနင်းလိုက်ချိန်(Lever)လီဗာဖြစ်နေတော့ဘရိတ်ကိုပြန်နင်းရပြန်တယ်၊ကားရပ်တန့်သွားချိန် ကားပေါ်မှကျွန်တော်မဆင်းမိသေးပါ၊

ကျွန်တော့်ကိုယ်ကျွန်တော်ပြန်စစ်ဆေးကြည့်မိနေတာ အချိန်နည်းနည်းကြာမယ်ထင်တယ်၊
ကားထိုင်ခုံနောက်မှီနဲ့ ရိုက်မိလိုက်လို့ ခေါင်းမူးနေတာကလွဲရင် ဘာဒဏ်ရာမှ မရတာ
မယုံနိုင်စရာဖြစ်နေမိတယ်၊ အဲအချိန် လမ်းမပေါ်တွင်ဆိုင်ကယ်(taxi)စီးသွားနေတဲ့
ကလေးမတစ်ဦးက သူစီးလာတဲ့ (taxi)သမားကိုရပ်ခိုင်းပြီး ဆိုင်ကယ်ပေါ်မှ ဆင်းလာကာ
ကျွန်တော့်ကား အနားရောက်လာတယ်။

ကလေးမ၊ ၊ ဦးလေး အဆင်ပြေလား၊ ဦးလေးကို သမီးမြင်ဖူးတယ်၊ သမီးက(၅)လမ်းထိပ်မှာ ဆိုင်ကယ်(taxi)စောင့်နေရင်း ဦးလေး ကားကိုသူများနောက်က ဝင်တိုက်သွားတာ သမီးအကုန်မြင်တယ်၊ သမီးဘာကူညီပေးရမလဲတဲ့၊ အဲအချိန်ရောက်မှ ကျွန်တော်လည်းကားပေါ်ကဆင်းပြီး ရပါတယ်သမီး
ဦးလေးဘာမှ မဖြစ်ပါဘူး ကျေးဇူးတင်ပါတယ်သမီးလို့ ပြောလိုက်ရင်း ကျွန်တော့်ကားကို တိုက်သွားတဲ့ ကားအတွက် စိတ်ပူသွားမိတယ်၊

သူတို့ဘာတွေဖြစ်သွားပြီလည်းမသိဘူး ကျွန်တော်လည်းခေါင်းကမူးနေသေးတယ် ၊
ကားတံခါးပိတ်ပြီး သူတို့ ဆီသွားမယ်အလုပ် လူငယ်တစ်ယောက်နှင့်
ရဲအရာရှိတစ်ယောက်ကိုတွေ့လိုက်ရတယ်၊

ကျွန်တော့်ကိုတွေ့လိုက်တာနဲ့ လူငယ်ဖြစ်သူမှ ဟာ-ဘလေးကားလားတဲ့ ဘလေးကို ကျွန်တော် အွန်လိုင်းမှာ သိတယ်၊ တော်သေးတယ် ဘလေး ကားဖြစ်နေလို့တဲ့ (အဲအချိန်သူ့မျက်နှာပေါ်မှာ
စိတ်သက်သာရာ ရသွားတဲ့ အရိပ်ကိုမြင်လိုက်ရတော့ ဒီလိုအဖြစ်အပျက်မျိုးကြားထဲမှာတောင်
စိတ်ကျေနပ်မှုတစ်ခုတော့ ကျွန်တော် ရခဲ့ပါတယ်)၊

ဆက်ပြီးတော့ သူကပြောလာပါတယ် အမှန်တိုင်းပြောပါ့မယ်တဲ့ (၉)ထပ်မှာ စားသောက်နေတာပါ ခုလည်းသူငယ်ချင်းတစ်ယောက် လာခေါ်ပါ ဆိုလို့သွား ခေါ်ဖို့ထွက်လာတာပါ၊ (၉)ထပ်အထွက်မှာလည်း ဆိုင်ကယ် တစ်စီးနဲ့တိုက်မိမလိုဖြစ်သေးတယ်တ၊ဲ့ သူအရှိန်ပြင်းစွာ မောင်းနှင်မိကြောင်း၊ လမ်းကြားမှ ထွက်လာသော ဆိုင်ကယ်နှင့် တည့်တည့်တွေ့လိုက်၍ ရွေးချယ်စရာမရှိတော့လို့ ဘလေး ကားကို တည့်တည့် ၀င်တိုက်မိတာပါလို့ ပြောပြကာ အကြိမ်ကြိမ်တောင်းပန်နေပါတယ်၊

သူပြောနေချိန် ကျွန်တော့်ကားကိုစစ်ဆေးကြည့်လိုက်တော့နောက်မှန်တစ်ချပ်လုံးမရှိတော့ပါဘူး၊
နောက်ပိုင်းတစ်ခုလုံး ချိုင့်ဝင်သွားတာ၊မြင်လိုက်ရတော့မှလန့်စရာကြီးဖြစ်နေတယ်၊
ကားနောက်မှာ တပ်ထားတဲ့ (Spare wheel)ကြောင့် သက်သာသွားတာလို့ သုံးသပ်မိပါတယ်၊

ထိုလူငယ်မောင်းလာသည့် ကားမှာ(Vigo)ကားဖြစ်ကြောင်းနှင့် ကားတိုက်တာတွေ့လို့ လာကြည့်ပေးတာဖြစ်ကြောင်းကို လူငယ်နှင့်အတူပါလာသည့် (ဗိုလ်လုံ)ရဲအရာရှိမှ ပြောပြနေပြီး တော်သေးတယ်ကောင်လေး ကိုတင့်ဆွေကားဖြစ်နေလို့ ဆိုပြီးတော့ (Vigo)မောင်းသူလူငယ် လေးကိုအေးဆေးဖြေရှင်းလို့ရပါတယ်ဆိုတဲ့အကြောင်း ပြောနေပြန်တယ်။

ကျွန်တော့်မှာ ခေါင်းကလည်းမူးနေပါပြီ၊ စဉ်းစားလိုက်မိတာက
ကျွန်တော့်ကားကို မတိုက်ရင် ဟိုဆိုင်ကယ်မောင်းလာတဲ့ ကလေးနှစ်ယောက်အတွက် မတွေးဝံ့စရာပါပဲ၊
ခုကားနှစ်စီးတိုက်လို့ ထွက်ပေါ်လာတဲ့ အသံနှင့် တိုက်မိတဲ့ ကားတွေကိုကြည့်ပြီး လူတွေတစ်ယောက်မှ
မထိခိုက်တာ တော်တော်ကံကောင်းပါတယ်လို့တွေးလိုက်မိပြီး ရပါတယ်ညီ မနက်မှ ရုံးခန်းမှာ
ကားလာယူပြီး ၀ပ်ရှော့ ထိုးလိုက်ပါညီလို့ ပြောလိုက်ပါတယ်၊

ညီ့ ကားလည်းသွားကြည့်လိုက်ပါဦးဆိုမှ သူ့ကားထံသူပြန်သွားတယ်၊ အဲအချိန်စောစောက
ကလေးမ ဆိုင်ကယ်နားမှ ကျွန်တော့်ကားနားပြန်လာကာ ဦးလေးကို သူတို့ဘာတွေပြောသွားတာလဲတဲ့
အဆင်ပြေလားဦးလေး၊ ဟိုဗိုလ်လုံက ဘယ်ကရောက်လာတာလဲ၊ ဦးလေးရဲ့အသိတွေကို
အမြန်ဖုန်းဆက်ခေါ်လိုက်လေတဲ့၊ သူပြောမှသတိရမိတယ်၊

အဲ့ဒီအချိန်မှ ကျွန်တော်ရုံးခန်းက ထွက်လာချိန် လမ်းထိပ်မှာဖုန်းပြောနေတာမြင်တွေ့ခဲ့ရတဲ့
အသင်းသားဖြစ်သူ မောင်ရဲရင့်ကို ဖုန်းဆက်ပြောလိုက်မိတယ်၊။ ကျေးဇူးတင်ပါတယ် သမီး အဆင်ပြေပါတယ် ဦးလေးအသိတွေကို ဖုန်းဆက်ခေါ်လိုက်ပါပြီလို့ပြောလိုက်ပါတယ်၊
သူတို့ကားမောင်းလာတာက တစ်ယောက်တည်းနော် သမီးသေချာမြင်လိုက်တယ်တဲ့
ကလေးမပြောနေတာတွေ နားထဲမှာကြားနေပေမဲ့ ကျွန်တော်သူ့ကို
ကောင်းကောင်းပြန်ရှင်းမပြနိင်ခဲ့ပါဘူး၊

ဆိုင်ကယ် Taxi သမားကတော့ ဆိုင်ကယ်ပေါ်မှာထိုင်လို့ပါပဲ လှုပ်တောင်မလှုပ်ဘူးဗျာ၊ အေးဆေးပါပဲ၊
သူဘာမှမသိလို့လည်းဖြစ်မှာပါ၊ ကျွန်တော်လည်း ဖုန်းဆက်ခေါ်ထားတဲ့ ကလေးတွေ
ရောက်မလာသေးတာနဲ့ ကားပေါ်ပြန်တက် စက်နှိုးပြီး ကားပြန်ကွေ့နေချိန်
ဦးလေးရရဲ့လားလို့ စောစောက ကလေးမက မေးနေပြန်တယ်၊ သူ့ကြည့်ရတာ ကျွန်တော့်ကို
စိတ်ပူစိုးရိမ်နေပုံရတယ် အရင်ကတစ်ခါမှ မမြင်ဘူးပေမဲ့ ကျေးဇူးတင်ပါတယ်ကလေးမရယ်၊

ကျွန်တော်လည်း ကားကိုသတိထားကာ ဖြေးဖြေးချင်းမောင်းပြီးပြန်လာမိပါတယ်၊
ကျွန်တော်တံတား(၂) ရောက်မှ မောင်ရဲရင့်နှင့် ကျွန်တော့်တူတွေလည်းရောက်လာတယ်၊
သူတို့ကိုပြန်လာခိုင်းလိုက်ပြီး ရုံးခန်းရောက်ကာမှ ကားကိုဓာတ်ပုံရိုက်ထားပါသားတို့
ဘလေး ဘာမှမဖြစ်ပါဘူး ဘလေးနားတော့မယ်လို့ပြောပြီး အိပ်ယာထက်မှာနားနေရင်း
စဉ်းစားလိုက်မိလိုက်တယ်၊
(၁) အဲအချိန်များ ကျွန်တော်သေသွားခဲ့ရင် ဘယ်ဘုံဘ၀ ရောက်သွားမလဲ ? ၊
(၂) ကားတိုက်မှန်းတွေ့မြင်နေရသည့် ယောက်ျားသားတွေ တစ်ယောက်မှ
အနားရောက်မလာပဲ လမ်းဘေးကသာ ရပ်ကြည့်နေကြတာ ဘာကြောင့်လဲ ?
(၃) ကလေးမ စီးလာသောဆိုင်ကယ်(Taxi) သမား ဘာကြောင့်ဆိုင်ကယ်ပေါ်က မဆင်းနိုင်ရတာလဲ ?
(၄) ကျွန်တော့်အတွက် စိုးရိမ်ပူပန်ပေးနေရှာသော ကလေးမလေးက ဘယ်သူလဲ ? ၊
(၅) အဲ့ကလေးမ သူဒီအချိန်ကြီး ဘယ်သွားမှာလဲ၊ ဘယ်ကပြန်လာတာလဲ ? ၊
သိချင်တာတွေများစွာ ရှိနေပါတယ်။ ဒါပေမဲ့ ဒီကလေး မလေး ဘယ်ကိုပဲသွားသွား၊
ဘယ်ကပဲပြန်လာ ပြန်လာ သူ့မှာ ကူညီပေးချင်လိုသော လူမှုရေးစိတ်ဓါတ်အပြည့်
ရှိနေတယ်ဆိုတာ(လုံးဝ)သေချာနေပါတယ်၊

ဒီဖြစ်စဉ်မှာ မြင်တွေ့သူများစွာ ရှိနေပါသော်လည်း ထိုကလေးမ တစ်ယောက်သာ တကယ်ကို လူမှုရေးစိတ်ဓာတ် အပြည့်အ၀နဲ့ လာမေးခဲ့တာပါ၊ အဲဒီ အတွက်လည်း သူ့ကို တကယ် ကျေးဇူးတင်မိပါတယ်၊

ကျွန်တော်တင်လိုက်တဲ့ဒီ(Post) ကိုဖတ်မိရင် ထိုကလေးမ (Comment)၀င်ရေးမိပါစေ၊
သူ့ကိုလည်း ကျေးဇူးဆပ်ခွင့်ရပါစေ . . . . . လို့၊ ဆုတောင်းရင်း . . . . . . .၊

ကျေးဇူးရှင်တို့အား
ဦးထိပ်ပန်ဆင်လျှက်- UTS
ဦးတင့်ဆွေ
မဇ္ဈိမ လူမှုကူညီရေးအသင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~