တစ်ရက် ၁၀ ဘတ် နှုန်းဖြင့် ပျံကျဈေးသည်များ ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် ရောင်းချနိုင်ပြီ

တစ်ရက် ၁၀ ဘတ် နှုန်းဖြင့် ပျံကျဈေးသည်များ ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် ရောင်းချနိုင်ပြီ
အောက်တိုဘာ 10, 2014
By Tachileik News Agency

တာချီလိတ်မြို့ပေါ် ၀မ်ကောင်းရပ်ကွက်တွင် ပြီးခဲ့သော ဇူလိုင်လ(၂၂)ရက်နေ့က ဖွင့်လှစ်လိုက်သည့် ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွက် ဆိုင်ခန်းခများကို နှစ်သစ်ကူးအကြို အထူးသက်သာသည့်နှုန်းအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးနေကြောင်း နှင့် နိုင်ငံတော်မှ စီမံချက်ချမှတ်ထားသော ဆင်းရဲမွဲတေမှုလျော့ချရေး လုပ်ငန်းစဉ်အား အထောက်အကူပြုစေရန်အတွက် ပျံကျခုံတန်းများအား နှစ်သစ်အကြိုအဖြစ် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့အထိ မီးခ၊ သန့်ရှင်းရေးခအဖြစ် တစ်ရက် (၁၀)ဘတ်နှုန်းသာ ကောက်ခံသွားမှာဖြစ်ကြောင်း တာချီလိတ်မြို့ ဈေးသူဈေးသားများအတွက် သတင်းကောင်းအဖြစ် ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

ဘုရင့်နောင်ပုဂ္ဂလိကဈေးသည် ဈေးအင်္ဂါရပ်နှင့်အညီ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ဈေးအတွင်း၌ မင်္ဂလာဆောင် ဧည့်ခံပွဲ ပြုလုပ်နိုင်ရန်အတွက် ခန်းမ (၂)ခု၊ အစည်းအဝေးကျင်းပပြုလုပ်နိုင်ရန်အတွက် အစည်းအဝေးခန်း၊ ရာသီအလိုက် ကုန်စည်ပြပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ထားပေးခြင်း၊ အခန်း(၂၀)ရှိ တည်းခိုခန်းဖွင့်လှစ်ရန်ရှိခြင်း၊ ကလေးကစားကွင်းပြုလုပ်ရန်ရှိခြင်းတို့အပြင် Mini Bank ဖွင့်လှစ်ထားရှိရန် ရှိခြင်း စသည်တို့ဖြင့် တစ်နေရာတည်းတွင် အစုံအလင် ရရှိနိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

ယနေ့မှ စ၍ နှစ်သစ်ကူးအထူးဈေးနှုန်းအဖြစ် အကျယ်(6 x 10)ပေရှိသည့် ပျံကျခုံတန်းများကို တစ်ခုံလျှင် တစ်နေ့ (၁၀)ဘတ်နှုန်းဖြင့် သတ်မှတ်ထားရာ တစ်လလျှင်(၃၀၀)ဘတ်သာ ကျသင့်မှာဖြစ်ကြောင်း နှင့် အကျယ် (12 x 40)ပေရှိသည့် ဈေးအတွင်း ဆိုင်ခန်းများဖြစ်သော သုံးထပ်ဆိုင်ခန်းကို တစ်လလျှင် (၆၀၀၀)ဘတ်သာ သတ်မှတ်ကောက်ခံမှာ ဖြစ်ကြောင်း သိရသည်။

ပျံကျခုံဈေးနှုန်းများနှင့် ပတ်သက်၍ ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင် ဦးထွန်းနေဦးက "ဈေးသူဈေးသားတွေအတွက် အဆင်ပြေအောင်လို့ ပျံကျခုံတွေကို တစ်ခုံကို ဇူလိုင်လထဲကနေ ၂၀၁၄ နှစ်ကုန်တဲ့အထိ တစ်ရက် (၁၀)ဘတ်ပဲ ကောက်မှာပါ။ ဒီလိုကောက်တာကလည်း သန့်ရှင်းရေးခ နဲ့ မီတာခ သဘောပါ၊ နှစ်ကုန်သွားရင်တော့ သန့်ရှင်းရေးခ (၃၀၀) ဘတ်နဲ့ ပျံကျခုံက (၁၀၀၀)ဘတ် စုစုပေါင်း (၁၃၀၀)ဘတ်ပဲ ကောက်မှာပါ၊ ဈေးနှုန်းထပ်တိုးမြှင့်ဖို့ အစီအစဉ်မရှိပါဘူး"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ဈေးအတွင်း သုံးထပ်ဆိုင်ခန်းနှင့် ပတ်သက်၍လည်း " အောက်ထပ်မှာ ဈေးရောင်းပြီး အပေါ်ထပ်မှာ နေလို့ရပါတယ်။ ဆိုင်ခန်းခကိုတော့ တစ်လ(၆၀၀၀)ဘတ်ပဲ ကောက်ခံမှာပါ၊ အဲ့ဒီဆိုင်ခန်းမှာနေတဲ့ ဈေးသည်တွေ အဆင်ပြေစေရန်အတွက် (၈)ခန်းတွဲ ရေချိုးခန်း၊ အိမ်သာ ကျား/မ သီးသန့်ခွဲပြီး  ဈေးအတွင်းမှာ စီစဉ်ပေးထားပါတယ်"ဟု ဦးထွန်းနေဦးက ပြောပြသည်။

( မင်္ဂလာ ခန်းမ )

ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်း ဆိုင်ခန်းငှားခများနှင့် ပတ်သက်၍ "ကျွန်တော်တို့အနေနဲ့ ဆိုင်ခန်းငှားခကို အခုသတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ဈေးသူဈေးသားတွေ အဆင်ပြေအောင်လို့ ငှားပေးသွားမှာပါ၊ ဈေးနှုန်းထပ်တိုးကောက်ဖို့ အစီအစဉ်မရှိပါဘူး၊ ဈေးဆိုင်ခန်းဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ဖုန်း နဲ့ ရုံးဖုန်းကိုလည်း ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်၊"ဟု ၎င်းမှ ဆက်လက် ပြောကြားလာသည်။

အကျယ်အ၀န်း (၆)ဧကခန့်ရှိသည့် ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်းတွင် လူနေဆိုင်ခန်း စုစုပေါင်း (၉၃)ခန်း နှင့် သတ်မှတ်အကျယ်အ၀န်းများအလိုက် လူမနေဆိုင်ခန်း (၈၇)ခန်း အပြင် ပျံကျဈေးရုံတွင် (၆x၁၀)ပေ အကျယ်အ၀န်းရှိသည့် ဈေးခုံပေါင်း (၃၆၀)ခုံ နှင့် ပျံကျစားသောက်ဆိုင်ကွက်(၁၀)ကွက် သတ်မှတ်ထားရှိပြီး နေ့စဉ် ယာဉ်ရပ်နားရန် ကားအတွက် (၁၅၆x၇၂)ပေ အကျယ်အ၀န်းရှိ နေရာတွင် ကားအစီး (၆၀)ခန့် ရပ်နားနိုင်ရန် ပြုလုပ်ပေးထားပြီး ဆိုင်ကယ်အစီး(၅၀၀)ခန့် ရပ်နား၍ရရန်နေရာတို့ကိုလည်း သတ်မှတ်ထားရှိကြောင်း သိရှိရသည်။

( ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်က )

ဘုရင့်နောင် ပုဂ္ဂလိကဈေးသစ်ကြီးအား ၂၀၀၉ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ တည်ဆောက်မှုလုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း နှင့် အဆိုပါ ဈေး၏ အကျယ်အ၀န်းမှာ (၆)ဧက အကျယ်ရှိကြောင်းအပြင် ဈေးဖွင့်ပွဲအား ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၂)ရက် က ကျင်းပပြုလုပ်ခဲ့ရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ပြည်နယ်ဝန်ကြီးများမှ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
ဈေးနှင့်ပတ်သက်၍ ဆက်သွယ်ရန်
ဦးထွန်းနေဦး ( ဘုရင့်နောင် ပုဂ္ဂလိကဈေး ပိုင်ရှင် )
မြန်မာဖုန်း။  ။ 09-5240251 ၊ ထိုင်းဖုန်း။  ။ 087-3053633

ဈေးတာဝန်ခံများ
ဒေါ်ရွှေဇင်ခက်
မြန်မာဖုန်း။  ။ 09-41003219 ၊ ထိုင်းဖုန်း။  ။ 087-3622057

ဒေါ်ဖြူဖြူအောင်
မြန်မာဖုန်း။  ။ 09-428211887၊ ထိုင်းဖုန်း။  ။ 080-4912606
ဦးအုန်းမြင့်
မြန်မာဖုန်း။  ။ 09-250136833 ၊ ထိုင်းဖုန်း။  ။ 094-6068830

ပုံများကိုကြည့်ရန်
တစ်ရက် ၁၀ ဘတ်ဖြင့် ပျံကျဈေးသည်များ ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင်...
21 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~