တာချီလိတ်၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးကာ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ပေးဝေ

တာချီလိတ်၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးကာ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ပေးဝေ
ဧပြီ 11, 2014
By Tachileik News Agency
တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီအနေဖြင့် မဟာသင်္ကြန်ကာလ အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခြင်း အပြင်၊ အသိပညာပေးဟောပြောခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်း အခမ်းအနားကို ယနေ့ ဧပြီလ (၁၁)ရက် နံနက်(၉)နာရီက အောင်မြတ်ခန်းမတွင်ပြုလုပ်သည်။

အခမ်းအနားတွင် ယာဉ်ထိန်းရဲ တာဝန်ခံ ရဲအုပ်စံသိန်းက အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပေး နှိုးဆော်ချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ယာဉ်ထိန်းရဲတပ်စုမှူး ရဲအုပ်ကျော်ဇေယျက ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရမှုများ၊ ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသည့် အတွက် အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်များ၊ လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည့် အချက်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၃) ဦးစိုင်းဆမ်တစ်က ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာအချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်က ဆိုင်ကယ်စီး ဦးထုပ်များဖြန့်ဝေပြီးပါက ပြည်သူများအနေဖြင့် တာဝန်ရှိသူများ ပညာပေးဟောပြောချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်ပြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား ဆိုင်ကယ်စီးဦးထုပ် ၂၀၀ ကိုအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်

သတင်း။        ။ မောင်ဆွေငြိမ်း 
ပုံများကိုကြည့်ရန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~