သက်ကြီးရွယ်အို ဘိုးဘွား ၆၃ ဦးအား ပူဇော်ကန်တော့ပွဲ အဖြစ် တာချီလိတ်၌ ကျင်းပ

သက်ကြီးရွယ်အို ဘိုးဘွား ၆၃ ဦးအား ပူဇော်ကန်တော့ပွဲ အဖြစ် တာချီလိတ်၌ ကျင်းပ
ဧပြီ 17, 2014
By Tachileik News Agency

မြန်မာတို့၏ နှစ်သစ်မင်္ဂလာ ရက်မြတ်ဖြစ်သော မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ(၁၇)ရက် နံနက် (၉)နာရီ အချိန်တွင် တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ သက်ကြီးရွယ်အို အဘိုး၊ အဘွား (၆၃)ဦးအား သက်ကြီးပူဇော် ဂရ၀ါပြုပွဲ အခမ်းအနားအဖြစ် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပထမပိုင်း အစီအစဉ်အနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသည့် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် ခရိုင်အဆင့် အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် မြို့နယ်အဆင့် အကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအ၀င် ကန်တော့ခံ သက်ကြီးရွယ်အို ဘိုးဘွား(၆၃)ဦးတို့မှ ပင့်ဖိတ်ထားသော သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားများ နာယူ၍ ရေစက်ချတရားတော် နာယူခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား၏ ဒုတိယပိုင်း အစီအစဉ်အဖြစ် ကန်တော့ခံ ဘိုးဘွားများအား တက်ရောက်လာသည့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက ဘိုးဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပေးအပ်လှူဒါန်းခဲ့ကြရာ စုစုပေါင်း ပါဝင်လှူဒါန်းကြသည့် တန်ဖိုးငွေမှာ (၄၈၇၉၅၀၀)ကျပ်ရှိကြောင်း သိရသည်။

ဘိုးဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကုသိုလ်ယူကြပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် တိုင်းရင်းဆေး နှင့် ကျန်းမာရေးဌာနမှ ဆရာမများက ကုသိုလ်ယူ၍ စမ်းသပ်ပေးခဲ့ကြသည်။

အဆိုပါ ကန်တော့ခံ ဘိုးဘွားများတွင် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာမှ အဘိုး(၄)ဦး အဖွား(၁၂)ဦး စုစုပေါင်း (၁၆)ဦးရှိရာ အဘိုးအဘွား(၅)ဦးမှာ နာမကျန်းဖြစ်နေ၍ (၁၁)ဦးသာ တက်ရောက်၍ အပူဇော်ခံနိုင်ပြီး၊ ကျန်အဘိုးအဘွားများမှာ ရပ်ကွက်/ကျေးရွာများမှ အဘိုးအဘွားများ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၁၃ခုနှစ် နှစ်ဆန်း(၁)ရက်နေ့က ယခုလို သက်ကြီးရွယ်အို ဘိုးဘွားများအား ပူဇော်ကန်တော့ရာတွင် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၁၇)ဦး နှင့် ရပ်ကွက်အသီးသီးမှ အဘိုးအဘွား(၁၆)ဦး စုစုပေါင်း(၃၃)ဦး သာရှိခဲ့ပြီး ယခု ၂၀၁၄ခုနှစ်တွင် ကန်တော့ခံဘိုးဘွားများမှာ (၆၃)ဦးရှိခဲ့တာကို တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲ တာချီလိတ်၌ ကျင်းပ

172 photos
သတင်း။      ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~