ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား နှင့် အိုက်စ်များ တာချီလိတ်၌ ဖမ်းမိ

ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား နှင့် အိုက်စ်များ တာချီလိတ်၌ ဖမ်းမိ
ဧပြီ 11, 2014
By Tachileik News Agency
ယနေ့ ဧပြီလ(၁၁)ရက် နံနက် (၈း၃၀)နာရီအချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်း(၁)ကျေးရွာ၌ ကျပ်သိန်း နှစ်ဆယ်ကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများ နှင့် အိုက်စ်များကို တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်း(၁)ကျေးရွာရှိ ဒေါ်ဖန်xx၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ အဆိုပါ ပူးပေါင်းတို့အဖွဲ့မှ ၀င်ရောက်ရှာဖွေရာ ဒေါ်ဖန်xxအား ၎င်း၏ နေအိမ်၌ အသင့်တွေ့ရှိနေရပြီး ဆက်လက်ရှာဖွေရာ ဒေါ်ဖန်xxx ၏ ထမီကြားမှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၅၀)ပြားနှင့် အိုက်စ် (၄.၅)ဂရမ်ကို ရှာဖွေတွေ့ရှိရသည်။

ဆက်လက်၍ နေအိမ်အတွင်း ရှာဖွေရာ ခြံဝန်းအတွင်းရှိ ပျဉ်ပုံအောက်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၄၆၅)ပြား နှင့် အိုက်စ် (၈၃)ဂရမ်တို့ကို ရှာဖွေတွေ့ရှိရာ ရှာဖွေတွေ့ရှိရသည့် အဆိုပါ စိတ်ကြွဆေးပြားများမှာ စုစုပေါင်း (၅၁၅)ပြား နှင့် အိုက်စ် (၈၇.၅)ဂရမ် တို့ရှိရာ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် ဒေါ်ဖန်xxအား တာချီလိတ်မြို့မရဲစခန်းမှ မပ(ပ)၅၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~