ကျပ်သိန်းပေါင်း ၁၂၈ သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်းများ ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းပေါ်၌ ဖမ်းဆီးရရှိ

ကျပ်သိန်းပေါင်း ၁၂၈ သိန်းခန့် တန်ဖိုးရှိ ဘိန်းစိမ်းများ ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းပေါ်၌ ဖမ်းဆီးရရှိ
ဧပြီ 5, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်မှ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် မိုင်းဖြတ်လှုပ်ရှားဆွယ် တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၄)ရက် နေ့လည်(၁၂)နာရီအချိန်က ကျိုင်းတုံမြို့နယ် ဟိုနားကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းမပေါ်၌ ကျပ်သိန်းပေါင်း (၁၂၈)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်းများအား တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ ကျိုင်းတုံမြို့နယ် ဟိုနားကျေးရွာအနီး ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းမပေါ်တွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်မဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ရှေ့ဂွကြားတွင် တင်ဆောင်ထားသော အနီ/နက်ကြားရောင် အိတ်အတွင်းမှ ရှမ်းစက္ကူဖြင့် ပတ်ထားသည့် ဘိန်းစိမ်းထုပ်(၁၁)ထုပ် ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ရှာဖွေ တွေ့ရှိရသော ဘိန်းစိမ်းများ၏ အလေးချိန်သည် (၁၂.၈)ကီလို)ရှိပြီး ကာလတန်ဖိုးအနေဖြင့် ကျပ်သိန်းပေါင်း (၁၂၈)သိန်းခန့် ရှိသည်ဖြစ်ရာ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်မဲအား မိုင်းဖြတ်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~