လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး အကြောင်း တာချီလိတ်၌ အသိပညာပေး

လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး အကြောင်း တာချီလိတ်၌ အသိပညာပေး
ဧပြီ 18, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ လူမှောင်ခိုကူးခြင်း နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု အသိပညာပေးမှုများကို ယနေ့ ဧပြီလ(၁၈)ရက် နံနက်(၉)နာရီအချိန်က တာဝန်ရှိသူများက ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် လူကုန်တားတပ်ဖွဲ့စိတ်(၁)၊ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူးရင်ရင်အေးမှ ရွှေ့ပြောင်းသွားလာခြင်း၊ လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်း အဓိပ္ပာယ်အဆင့်ဆင့်၊ ပြောင်းလဲဖြစ်ပွားတတ်ပုံ၊ ပွဲစားများစည်းရုံး ခေါ်ဆို တတ်ပုံနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များကို လည်းကောင်း၊ လူကုန်တားတပ်ဖွဲ့စိတ်(၁)၊ ဒုရဲအုပ်လှဘုန်း မှ လူကုန်ကူးမှု ဖော်ထုတ်ခဲ့သော ဖြစ်စဉ်များ၊ လူကုန်ကူး ခံရခြင်းကြောင့် ခံစားရသည့် ဆိုးကျိုးများနှင့် လူကုန်ကူးပွဲစားများမှ စည်းရုံးစုဆောင်းတတ်သည့် အလေ့အထ များကို လည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်နိုင်ဦး မှ မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါး အလွှဲသုံးမှုကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် တာချီလိတ်ခရိုင်အတွင်း တားဆီးနှိမ်နင်းရေးဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြသည်။

ယင်းဟောပြောပွဲသို့ မယ်ဟုတ်ကျေးရွာအတွင်းရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ သင်တန်း တက်ရောက်လျက်ရှိသော လူငယ်သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၈၀)ဦးမှ တက်ရောက်၍ လေ့လာမှတ်သားကြကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~