မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ တာချီလိတ်၌ ရုံးခွဲဖွင့်လှစ်ရန် လာရောက် မိတ်ဆက်

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ တာချီလိတ်၌ ရုံးခွဲဖွင့်လှစ်ရန် လာရောက် မိတ်ဆက်
ဧပြီ 7, 2014
By Tachileik News Agency
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ရှမ်းပြည်နယ်(ရုံးခွဲ)မှ အလုပ်အမှုဆောင်အဖွဲ့သည် ဧပြီလ( ၆ ) ရက် နံနက် (၉)နာရီခွဲက တာချီလိတ်မြို့အောင်မြတ်ခန်းမ၌ တာချီလိတ်မြို့ရှိ အကျိုးဆောင်များနှင့် တွေ့
ဆုံပြီး အသင်းဆိုင်ရာကိစ္စများနှင့် အသင်းဝင်ရောက်ရေးကိစ္စများ ရှင်းလင်းပြောကြားသည်။

ယင်းသို့ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ရှမ်းပြည်နယ်(ရုံးခွဲ) ဥက္ကဋ္ဌ ဒေါက်တာ စိုင်းအောင်ကျော်က အသင်းကြီးဖြစ်ပေါ်လာပုံနှင့် အသင်း၏ ၀န်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်အတွင်းရေးမှူးဒေါ်လီလီဝင်းကအသင်း၏ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြား ပြီး အသင်းဝင် ရဲအုပ်စံသိန်းက အသင်းဝင်ရောက်ခြင်း၏အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူ များကပြန်လည် ဖြေကြား သည်။ အသင်းကြီးအနေဖြင့် မြို့နယ်အဆင့် ရုံးခွဲ ဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်မြို့သို့ ပထမဆုံးလာ
ရောက်ခြင်းဖြစ်ပြီးအသင်းဝင် ၅၀ ဦး ရှိပါက သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းသိရှိရသည်။

ဓါတ်ပုံ/သတင်း။       ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~